မြန်မာနိုင်ငံ မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးက မန္တလေးမဟာမြတ်မုနိဘုရားကြီးအတွက် ဆိုလာမီးလှူဒါန်း

Xinhua, February 7, 2025
Size:

အဆိုပါ ဆိုလာမီးလှူဒါန်းရခြင်းသည် ဘုရားဖူးအတွက်ပိုမိုအဆင်ပြေသောအခြေအနေမျိုးကိုဖန်တီးပေးခြင်းပင်ဖြစ်ကြောင်း၊ တရုတ်ခရီးသွားဧည့်သည်များအပါအဝင် ကမ္ဘာ့ခရီးသွားဧည့်သည်များအား ဗုဒ္ဓယဉ်ကျေးမှုကို ပိုမိုနားလည်သိရှိပေးစေကာ တရုတ်မြန်မာနှစ်နိုင်ငံပြည်သူ များအကြား နားလည်မှုနှင့်ချစ်ကြည်ရေးကို တိုးမြင့််စေလိုကြောင်း၊ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းမှုအတွက် လည်း ခွန်အားအချို့ပေးဆပ်လိုခြင်းဖြစ်ကြောင်း၊ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးအနေနှင့်် တရုတ်-မြန်မာနှစ်နိုင်ငံ၏ဗုဒ္ဓ ဘာသာ၊ယဉ်ကျေးမှု ၊ခရီးသွားလုပ်ငန်းစသည့်နယ်ပယ်များ၌လက်တွေ့ကျသည့်ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် ၍အားပေးတွန်းတင်ပေးမှာဖြစ်ကြောင်း ကောင်စစ်ဝန်ချုပ်MS.GAO PINGက ပြောသည်။

တရုတ်နှစ်သစ်ကူးအချိန်အခါသမယတွင် ကောင်စစ်ဝန်ချုပ်MS.GAO PING နှင့်အတူလှူဒါန်းခြင်းအခမ်းအနားကို တက်ရောက်နိုင်သဖြင့်ဂုဏ်ယူမိကြောင်း၊ ကောင်စစ်ဝန်ချုပ်ရုံးက မဟာမြတ်မုနိဘုရားကြီးအတွက် လှူဒါန်းခြင်းကို အထူးပင်ကျေးဇူးတင်ရှိကြောင်း၊တရုတ်-မြန်မာ ပေါက်ဖေါ်ဆက်ဆံရေးသည် သမိုင်းရှည်ကြာလှကြောင်း၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသာသနာယဉ်ကျေးမှုဖွံ့ဖြိုး ရေးများတွင် ရေရှည်ကူညီပေးလျက်ရှိနေခြင်းသည် တန်ဖိုးကြီးလှကြောင်း၊မန္တလေးတိုင်းဒေသကြီးသည် ကောင်စစ်ဝန်ချုပ် ရုံးနှင့််အစဉ်တစိုက် နီးကပ်စွာပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိနေကြောင်း ၊မြန်မာ-တရုတ်ချစ်ကြည်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်မှုအသစ်များကိုဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်က ပြောကြားသည်။

အဆိုပါ ဆိုလာလှူဒါန်းခြင်း အခမ်းအနားတွင် ကောင်စစ်ဝန်ချုပ်MS.GAO PING နှင့််ဝန်ကြီးချုပ်ဦးမျိုးအောင်တို့က ဆိုလာမီးလှူဒါန်းခြင်းအတွက်ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး လှူဒါန်းခြင်းအမှတ်တရကဗ္ဗည်းကျောက်စာကိုလည်း ဖွင့််လှစ်ကာ မြန်မာယဉ်ကျေးမှုထုံးတမ်းစဉ်လာအရအမွှေးနံ့သာရည်များပက်ဖြန်းခဲ့ကြကြောင်း သိရသည်။ယခုအကြိမ် ဆိုလာလှူဒါန်းခြင်းကို မြန်မာ-တရုတ်ပူးပေါင်းဆက်ဆံရေးဗဟိုအသင်း ကကူညီခဲ့ကြောင်း သိရသည်။(Xinhua)

<  1  2  3  4  5