မြန်မာနိုင်ငံ၊ မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးက မန္တလေးမဟာမြတ်မုနိဘုရားကြီးအတွက် ဆိုလာမီးများ လှူဒါန်းခဲ့ကြောင်း မန္တလေးအခြေစိုက်တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှ ထုတ်ပြန်သော သတင်းအရ သိရသည်။
မန္တလေးမဟာမြတ်မုနိဘုရားကြီးအတွက် ဆိုလာမီးလှူဒါန်းခြင်းအခမ်းအနားကို ဇန်နဝါရီ ၂၂ ရက်တွင် ကျင်းပခဲ့ပြီး အဆိုပါ လှူဒါန်းပွဲသို့ မန္တလေးအခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် MS.GAO PING၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်၊ မန္တလေးအခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှ အဓိကအရာရှိများ၊တိုင်းဒေသကြီးအစိုးရဝန် ကြီးများ၊မြန်မာ-တရုတ်ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းနှင့်မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(မန္တလေးရုံးခွဲ)တို့မှတာဝန်ရှိသူများအပါအဝင် လူပုဂ္ဂိုလ်(၁၀၀)ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
ယခုနှစ်သည် တရုတ်-မြန်မာသံတမန်ဆက်ဆံရေးထူ ထောင်ခဲ့သည့်(၇၅)နှစ်မြောက်အချိန်အခါဖြစ်ကြောင်း၊ ယင်း လှူဒါန်းရသည့် ရည်ရွယ်ချက်သည် နှစ်နိုင်ငံအကြားယဉ်ကျေးမှုဖလှယ်ရေး၊ ပြည်သူ့နှလုံးသားချင်းချိတ်ဆက်ရေးကို တိုးမြင့်စေကာ နှစ်ဖက်ချစ်ကြည်စွာပူး ပေါင်းဆောင်ရွက်မှုကို စဉ်ဆက်မပြတ်နက်ရှိုင်းစေလိုကြောင်း၊ မဟာမုနိဘုရားကြီးသည်သမိုင်းယဉ်ကျေးမှု နက်နဲလှကြောင်း ကောင်စစ်ဝန်ချုပ်MS.GAO PINGက ပြောကြားသည်။
ဗုဒ္ဓယဉ်ကျေးမှုသည် တရုတ်မြန်မာပေါက်ဖေါ်ချစ်ကြည်ရေး နှင့်နှစ်နိုင်ငံဖလှယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်မှုတို့ကို တိုးမြင့်စေသည့်ပေါင်းကူးတံတားပင်ဖြစ်ကြောင်း၊နှစ်နိုင်ငံ၏ဗုဒ္ဓယဉ်ကျေးမှုနယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်မှုသည် ပိုမို၍နက်ရှိုင်းလာကာ တရုတ်မြန်မာချစ်ကြည်ရေးဖွံ့ ဖြိုးမှုအတွက်ခွန်အားသစ်များကိုသွန်းလောင်းနိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။