ဇူလိုင်လ ၂၂ ရက် နံနက်ပိုင်းတွင် ကမ္ဘာ့အင်တာနက်ညီလာခံမှ ကြီးမှူးကျင်းပပြီး ရှန်ရှီးပြည်နယ် ပြည်သူ့အစိုးရမှ လက်ခံကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့အင်တာနက်ညီလာခံ ဒီဂျစ်တယ် ပိုးလမ်းမ ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို ရှီးအန်းမြို့ ၌ ဖွင့်လှစ်ခဲ့သည်။ ကမ္ဘာ တစ်ဝန်းရှိ နိုင်ငံနှင့် ဒေသ ၅၂ ခု၊ နိုင်ငံတကာအဖွဲ့အစည်း ၇ ခုတို့မှ ဧည့်သည်တော် ၈၀၀ နီးပါး တက်ရောက်ခဲ့ကြသည်။ ယင်းသည် ကမ္ဘာ့အင်တာနက်ညီလာခံမှ ဒီဂျစ်တယ် ပိုးလမ်းမ ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို ၃ နှစ်ဆက်တိုက် ကျင်းပခြင်းဖြစ်သည်။