
ဇွန်လ ၂၆ ရက် နံနက်ပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်သည် ကမ္ဘောဒီးယားပြည်သူ့ပါတီ ဥက္ကဋ္ဌ၊ အထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်နှင့် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်ကြီး၌ တွေ့ဆုံခဲ့ပါသည်။
ရှီကျင့်ဖျင်က တရုတ်နိုင်ငံသည် အိမ်နီးချင်းသံတမန်ရေးတွင် ကမ္ဘောဒီးယားကို အရေးကြီးသည့် နေရာတွင် အစဉ်တစိုက် ထားရှိပြီး ကမ္ဘောဒီးယားအား၎င်း၏နိုင်ငံတော်အချုပ်အခြာအာဏာနှင့် လုံခြုံရေးကိုကာကွယ်ထိန်းသိမ်းခြင်းခြင်းနှင့် မိမိနိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ရှာဖွေခြင်းအတွက် ပြတ်ပြတ်သားသား ထောက်ခံပါကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံနှင့်အတူ ငြိမ်းချမ်းရေးကိုအတူတကွထိန်းသိမ်းရန်၊ ဖွံ့ဖြိုးတိုးတက်မှုကို အတူကြိုးပမ်းဆောင်ရွက်ရန်နှင့် ကြွယ်ဝချမ်းသာမှုကို အတူဖန်တီးရန်၊ တရုတ်-ကမ္ဘောဒီးယား ကံကြမ္မာတူအသိုက်အဝန်းတည်ဆောက်ခြင်းကို မြှင့်တင်ရန်နှင့် လူသား ကံကြမ္မာတူ အသိုက်အဝန်းတည်ဆောက်ရေးအတွက် စံပြအဖြစ် တွန်းအားပေးရန် ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါသည်။
ဟွန်ဆန်က လည်းနိုင်ငံတကာအခြေအနေများ မည်သို့ပင်ပြောင်းလဲနေပါစေ ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နိုင်ငံအပေါ် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို အမြဲထားရှိပြီး တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူကိုပြတ်ပြတ်သားသား လိုက်နာကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ သမ္မတရှီကျင့်ဖျင် အဆိုပြုထားသော ကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက် ၄ချက်ကို ထောက်ခံပြီး ယင်း၄ချက်ကို လက်တွေ့ အကောင်အထည်ဖော်ရန်နှင့် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် ကြွယ်ဝချမ်းသာမှုအတွက် အပြုသဘောဆောင်သော အကျိုးပြုလုပ်ငန်းများကို လက်တွဲလုပ်ဆောင်လိုကြောင်း ပြောကြားခဲ့ပါသည်။