ရှီကျင့်ဖိန်သည် လာအို ပြည်သူ့တော်လှန်ရေး ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ လာအိုနိုင်ငံသမ္မတ၏ အထူးသံတမန် ရှရန်ဆိုင်းနှင့် တွေ့ဆုံ

CGTN,    May 12, 2026
Size:

ယခုလ ၂၁ရက်နေ့ ညနေပိုင်းတွင် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိ လာသည့် လာအို ပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံ တော် သမ္မတ သွန်လွန်၏ အထူးသံတမန်၊ လာအို ပြည်သူ့တော်လှန်ရေး ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဗျူရို အဖွဲ့ဝင်နှင့် လာအို နိုင်ငံ၏ အမြဲတမ်း ဒုတိယ ဝန်ကြီးချုပ် ရှရန်ဆိုင်းနှင့် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီးတွင် တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် ရှီကျင့်ဖိန်က တရုတ်နှင့် လာအို ပါတီ နှစ်ခု အကြား အထူး သံတမန် အပြန်အလှန် စေလွှတ်ပြီး ကိုယ့်နိုင်ငံ၏ အရေးကြီး နိုင်ငံရေး အစီအစဉ်များ ကို အပြန်အလှန် အကြောင်းကြား အသိပေးခြင်းသည် နှစ်နိုင်ငံအကြား နက်ရှိုင်းသော ချစ်ကြည်ရေး အစဉ်အလာနှင့် နိုင်ငံရေးအရ အဆင့်မြင့် အပြန်အလှန် ယုံကြည်မှု ရှိခြင်းကို ပြသနေကြောင်း၊ ယခုနှစ်သည် တရုတ်-လာအို သံတမန် ဆက်ဆံမှု ထားရှိခဲ့သည့် ၆၅နှစ် ပြည့်မြောက်သည့်နှစ်နှင့် “တရုတ်-လာအို ချစ်ကြည်ရေးနှစ်” ဖြစ်ကြောင်း၊ သမိုင်းဝင် အစမှတ်သစ်တွင်  တရုတ်နှင့် လာအို နှစ်နိုင်ငံတို့သည် ဆိုရှယ်လစ် ဝါဒ၏ ရှေ့ရေး ကံကြမ္မာ ဖြစ်သည့် မဟာဗျူဟာမြောက် အမြင် မှနေ၍ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို ရင်းနှီးစွာ ပြုလုပ်ပြီး မဟာဗျူဟာများ ချိတ်ဆက်မှုကို ထဲထဲဝင်ဝင် ပြုလုပ်ကာ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့၍ ဘုံစိန်ခေါ်မှုများကို လက်တွဲ ရင်ဆိုင်ဖြေရှင်းပြီး တရုတ်-လာအို ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေး ဆိုင်ရာ ၅နှစ်တာ စီမံကိန်း သစ်ကို ကောင်းမွန်စွာ လက်တွေ့အကောင်အထည်ဖော်ဆောင်ကာ တရုတ်-လာအို ကံကြမ္မာ တူ အသိုက်အဝန်းတည်ဆောက်ရေးကို စံနှုန်းမြင့်မားခြင်း၊ အရည်အသွေး ကောင်းမွန်ခြင်းနှင့် အဆင့်အတန်းမြင့်မားခြင်းဟူသော  ဦးတည်ချက်များဆီသို့ ခြေလှမ်းမှန်မှန်ဖြင့် ချီတက်ရန် တွန်းအားပေးသင့်ကြောင်း အလေးထား ပြောကြားခဲ့သည်။

ရှရန်ဆိုင်းကလည်း သမ္မတ  သောင်လွန် ထံမှ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန် ထံ  ပေးပို့သော ကိုယ်တိုင်ရေးစာလွှာကို လွှဲပြောင်းပေးအပ်ခဲ့သည်။ ယင်းတွင် လာအို နိုင်ငံသည် အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန် တင်ပြထားသော ကမ္ဘာလုံးဆိုင်ရာ အရေးကြီး အဆိုပြု ချက်များကို ခိုင်မာစွာ အားပေးထောက်ခံပြီး တရုတ် နိုင်ငံနှင့် ဘက်စုံ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေကာ လာအို-တရုတ် ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးတွင် အောင်မြင်မှုသစ်များ အဆက်မပြတ် ရရှိစေရန် တွန်းအား ပေးလို ကြောင်း ပြောကြားထားသည်။