ငြိမ်းချမ်းသော အများပြည်သူတို့၏ ထင်မြင်ယူဆချက် ပတ်ဝန်းကျင်ကို ဖန်တီးရန် ဒုတိယအကြိမ်မြောက် တရုတ်-ကမ္ဘောဒီးယား- ထိုင်း နှစ်လမ်းကြောင်း ဆွေးနွေးပွဲ ကျင်းပ

CGTN,    April 28, 2026
Size:

ဧပြီလ ၂၀ ရက်နေ့က တရုတ် နိုင်ငံခြားရေးရာ တက္ကသိုလ် ဦးစီးကျင်းပသော တရုတ်-ကမ္ဘောဒီးယား-ထိုင်း  နှစ်လမ်းကြောင်း ဆွေးနွေးပွဲကို ပေကျင်း၌ ကျင်းပခဲ့သည်။ ယခု အကြိမ် ဆွေးနွေးပွဲကို “Fuxian ဆွေးနွေးပွဲ သဘောတူညီမှုကို အကောင်အထည်ဖော်ဆောင်ပြီး ငြိမ်းချမ်းသော အများပြည်သူတို့၏ ထင်မြင်ယူဆချက် ပတ်ဝန်းကျင်ကို ဖန်တီးခြင်း”ခေါင်းစဉ်ဖြင့် ကျင်းပပြီး တရုတ်၊ ကမ္ဘောဒီးယား၊ ထိုင်းတို့မှ နိုင်ငံတကာရေးရာ ကျွမ်းကျင်သူများနှင့် လူမှုရေး အဖွဲ့အစည်းများနှင့် မီဒီယာများမှ ကိုယ်စားလှယ်များသည်  သတင်းတု၊သတင်းမှားများ တိုက် ဖျက်ရေး၊ နိုင်ငံဖြတ်ကျော် ကုန်သွယ်မှု ပြန်လည်စတင်ရေး၊ ဒုက္ခသည်များနှင့် ဇာတိမြေသို့ ပြန်လာ သူများကို ကာကွယ်စောင့်ရှောက်ရေးနှင့် အများပြည်သူ့ ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှု စသည့် အသေးစိတ် အကြောင်းအရာများနှင့်ပတ်သက်၍ အတွေ့အကြုံ လေ့လာမှုများနှင့် အကြံပြု ချက်များကို မျှဝေခဲ့ ကြသည်။