ဧပြီလ ၆ရက်နေ့က အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား မက်ခရိုစီးပွားရေး သုတေသနရုံးသည် နှစ်ပတ်လည်အစီရင်ခံစာ “၂၀၂၆ခုနှစ် အာဆီယံ နှင့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား ဒေသတွင်း စီးပွားရေး ခန့်မှန်းချက်”ကို ထုတ်ပြန်ခဲ့ပါသည်။ ၂၀၂၆ခုနှစ် နှင့် ၂၀၂၇ခုနှစ်များတွင် အာဆီယံ နှင့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားဒေသ စီးပွားရေးသည် ၄ ရာခိုင်နှုန်း တိုးတက်မည်ဖြစ်ကြောင်း၊ အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခ ဆက်တိုက် မြင့်တက်လာခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ထောက်ပံ့ရေး နှောင့်ယှက်မှုများ ခံနေရခြင်းတို့ကြောင့် ဒေသတွင်း စီးပွားရေး ရှေ့အလားအလာ ကျဆင်းနိုင်သော အန္တရာယ်ကို သိသိသာသာ တိုးမြှင့်စေမည်ဖြစ်ကြောင်း ယင်းအစီရင်ခံစာတွင် ခန့်မှန်းထားပါသည်။