မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး သံမှူးကြီး Zheng Zhihong လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ တွေ့ဆုံမေးမြန်းခန်းအစီအစဉ်သို့ တက်ရောက်

lmcchina.org,    April 10, 2026
Size:

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ပထမဆုံးအကြိမ် နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေး ကျင်းပခဲ့သည့် ၁၀ နှစ်ပြည့်အခါသမယတွင် “လန်ချန်း-မဲခေါင် ဆွေးနွေးပွဲ — လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာအောင်မြင်မှုများ မျှဝေခြင်းနှင့် မှတ်တမ်းရုပ်ရှင် ပြသခြင်း”အခမ်းအနားကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV ရန်ကုန်)၌ မတ် ၁၃ ရက်တွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Dr. Zheng Zhihong အစရှိသဖြင့် ဧည့်သည်တော်ပေါင်း ၁၀၀ ခန့် တက်ရောက်ခဲ့ကြသည်။ မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုညှိနှိုင်းရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးအောင်ကျော်မိုးတို့မှ ဗီဒီယိုဖြင့် အမှာစကား ပြောကြားခဲ့သည်။

သံမှူးကြီး Dr. Zheng Zhihong မှ မေးမြန်းမှုများကို လက်ခံဖြေကြားရာတွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဟာ ဒေသအတွင်း တက်ကြွမှု အရှိဆုံးနှင့် တိုးတက်ရန် အလားအလာ အရှိဆုံးသော ပူးပေါင်းဆောင်ရွက်မှုယန္တရား ဖြစ်ကြောင်း၊ နိုင်ငံအသီးသီးမှ ပြည်သူတို့အတွက် သာယာဝပြောမှုများ သယ်ဆောင်လာကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့်  “ချစ်ကြည်ရင်းနှီးခြင်း၊ စိတ်ရင်းစေတနာ မှန်ကန်ခြင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းစေလိုခြင်း၊ အားလုံးလက်ခံပါဝင်မှုရှိခြင်း”ဆိုသည့်မူဝါဒကို လက်တွေ့ကျင့်သုံးကာ မဲခေါင်မြစ်ဝှမ်းအဖွဲ့ဝင်နိုင်ငံ ၅ နိုင်ငံနှင့်အတူ “လန်ချန်း-မဲခေါင်ပူးပေါင်းရေး ၂.၀ ဗားရှင်း”ကို တည်ဆောက်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းကလည်း လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ၁၀ နှစ်တာ အောင်မြင်မှု အမှတ်သင်္ကေတမှာ မြန်မာ့လယ်ယာစိုက်ပျိုးရေး၊ ကျေးရွာများ၊ ပညာရေး အစရှိသည့် နယ်ပယ်များတွင် အကျိုးရလဒ်များ ရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်မှ “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း”ကို အတည်ပြုခဲ့ရာ တရုတ်-မြန်မာနှစ်နိုင်ငံ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု ပိုမိုများပြားလာရန် တွန်းအားအသစ်တစ်ခု ဖြစ်လာခဲ့သည်။

အခမ်းအနား၌ Lancang-Mekong: The River That Flows South ဟူသောခေါင်းစဉ်ဖြင့် လူမှုယဉ်ကျေးမှုမှတ်တမ်းရုပ်ရှင်ကို ပြသခဲ့ပါသည်။