
၂၀၂၆ ခုနှစ် ကျွန်းကွမ်းချွင်းဖိုရမ် နှစ်ပတ်လည် အစည်းအဝေးကို မကြာမီက ကျင်းပ ပြီးစီး ခဲ့ပါသည်။ ကျွန်းကွမ်းချွင်း ဖိုရမ်သည် နိုင်ငံတကာ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်ရေး၏ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နိုင်ငံတော်အဆင့် ပလက်ဖောင်း တစ်ခု ဖြစ်ပါသည်။ ယခုနှစ် ဖိုရမ် နှစ်ပတ်လည် အစည်းအဝေး၏ ဆောင်ပုဒ်သည် သိပ္ပံနည်းပညာ နှင့် ကုန်ထုတ်လုပ်မှု ဆန်းသစ်တီထွင်ခြင်းများကို နက်ရှိုင်းစွာ ပေါင်းစပ်ခြင်း ဖြစ်ပြီး ယင်းသည် တရုတ်နိုင်ငံ၏ ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းတွင် သက်ဆိုင်ရာ အစီအမံများနှင့် ကိုက်ညီရုံ သာမက နိုင်ငံတကာ၏ တရုတ်နိုင်ငံ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အာရုံ စိုက်မှု အပေါ် တုံ့ပြန်ချက်တစ်ရပ်လည်း ဖြစ်ပါသည်။
ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့ နိုင်ငံတကာ ဆန်းသစ်တီထွင်ရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးစင်တာမှ အကြံပေးကော်မရှင် ဥက္ကဋ္ဌ ဟန်စ် တိုဝေလာက တရုတ် နိုင်ငံသည် လွန်စွာ ရင့်ကျက်သော ညဏ်ရည်တု စမတ် စက်ယန္တရားများ ရှိပြီး အရည် အသွေးမြင့် ကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်ကာ နိုင်ငံတကာ ဈေးကွက်များတွင် နိုင်ငံ အသီးသီးမှ ပြည်သူများအတွက် ပိုမို များပြားသော ရွေးချယ်ဖွယ်ရာများကို ဖန်တီး ပေးနိုင်မည်ဟု ပြောကြားခဲ့ပါသည်။
ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့ အရှေ့အာရှဒေသရေးရာ ရုံးဥက္ကဋ္ဌ ရှာဇ်ဟန်ကလည်း တရုတ် နိုင်ငံ၏ ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း အစီအမံတွင် သိပ္ပံနည်းပညာ ဖွံ့ဖြိုး တိုးတက်မှုကို မြှင့်တင်မည်ဟု ဖော်ပြထားကာ ယင်းသည် ကုန်ထုတ်စွမ်းအားကို အား ကောင်းစွာ တွန်းအားပေးမည် ဖြစ်ပြီး လျှပ်စစ်ကား၊ ဆက်သွယ်ရေး အပါအဝင် စသည့် လုပ်ငန်း နယ်ပယ်များမှာ ဆန်းသစ်တီထွင်ရေးအတွက် အခွင့်အလမ်းအသစ်များ ဆောင်ကြဉ်း ပေးမည်ဟု ပြောကြားခဲ့သည်။
ကျွန်းကွမ်းချွင်းဖိုရမ် နှစ်ပတ်လည် အစည်းအဝေးကို ကျင်း ပြီးစီးခဲ့ပြီ ဖြစ်သော်လည်း တရုတ် နိုင်ငံ၏ ဆန်းသစ်တီထွင်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် ဖော်ဆောင် နေဆဲပင် ဖြစ်သည်။ တရုတ်နိုင်ငံသည် သိပ္ပံနည်းပညာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ် စီမံကိန်းကို ထုတ်ပြန်ပြီး သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်ခြင်းသည် ဝင်းထရံကို ဖြုတ်ချပြီး တံခါးဖွင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ခြင်းပင် ဖြစ်ကြောင်းကို ကမ္ဘာ ကြီးအား ရှင်းလင်းစွာ အချက်ပြနေသည်ဟု China Media Group၏ သတင်း ဆောင်းပါး တစ် ပုဒ်မှာ ရေးသားဖော်ပြ ထားပါသည်။