
ပိုအော် အာရှဖိုရမ် ၂၀၁၆ ခုနှစ် နှစ်ပတ်လည် အစည်းအဝေးကို မတ်လ ၂၇ ရက်နေ့က ကျင်းပပြီးစီးခဲ့ပါသည်။ ယခုအကြိမ် ပိုအော် အာရှဖိုရမ် ကျင်းပသည့်အချိန်သည် တရုတ်နိုင်ငံ၏ ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း၏ ပထမနှစ် ဖြစ်သလို ဟိုင်နန်ပြည်နယ်လွတ်လပ်စွာ ကုန်သွယ်ရေး ဆိပ်ကမ်း၏ အထူးအကောက်ခွန်လုပ်ငန်း စတင်ခဲ့ခြင်း ရက် တစ်ရာ ပြည့်မြောက်သည့်နေ့လည်း ဖြစ်ပါသည်။ ယင်းဖိုရမ်တွင်"အရည်အချင်းမြင့် တံခါးဖွင့်လှစ်ခြင်း" သည် ဖိုရမ်တက်ရောက်သူများ အများဆုံး ပြောမိကြသော ဝေါဟာရတစ်ခု ဖြစ်ပြီး ၎င်းတို့က "တရုတ်နိုင်ငံကို မရှိမဖြစ် ရွေးချယ်ရသည် "ဟုလည်း အသီးသီး ဖော်ပြခဲ့ကြပါသည်။
တရုတ်နိုင်ငံ၏ ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း လုပ်ငန်းစဉ်တွင် အရည်အချင်းမြင့် တံခါးဖွင့်လှစ်မှု တိုးချဲ့ရေးနှင့် ပတ်သက်ပြီး သီးသန့် စီမံချက်များ ချမှတ်ထားပြီး လာမည့် ငါးနှစ်အတွင်း ပိုမို ကျယ်ပြန့်စွာ တံခါးဖွင့်လှစ်ထားသော တရုတ်နိုင်ငံသည် ကမ္ဘာ့နိုင်ငံ အသီးသီးအတွက် အခွင့်အလမ်းသစ်နှင့် ပူးပေါင်းဆောင်ရွက်မှုသစ် အမြောက်အများကို ဆောင်ကြဉ်း ပေးသွားမည် ဖြစ်ပါသည်။
ကုန်သွယ်ရေး ကိုယ်ကျိုးစီးပွား ကာကွယ်ခြင်းအဆက်မပြတ် ဦးမော့လာနေသည့် မျက်မှောက်ကာလတွင် တရုတ်နိုင်ငံ၏ တံခါးဖွင့်ရေး မူဝါဒသည် ကမ္ဘာကြီး၏ တည်ငြိမ်ဖွယ်ရာတစ်ခု ဖြစ်လာပါပြီ။ တစ်ဖက်သတ် ဗီဇာကင်းလွတ်ခွင့် ကျင့်သုံးခြင်း၊ စီးပွားကုန်သွယ်ရေးပတ်ဝန်းကျင်ကို တစ်ဆင့်တိုး ကောင်းမွန်လာစေခြင်း၊လွတ်လပ်စွာ ကုန်သွယ်ရေးကို စွဲကိုင်ခြင်း၊ နိုင်ငံတကာစံချိန်စံနှုန်များနှင့် ချိတ်ဆက်ခြင်း ဖြင့် တရုတ်နိုင်ငံသည် တံခါးဖွင့်လှစ်ရေးကို ဆက်တိုက် တိုးချဲ့နေပြီးနိုင်ငံအသီးသီးနှင့် အခွင့်အလမ်းများကို အတူ မျှဝေ နေပါသည်။ ဟိုင်နန်ပြည်နယ် လွတ်လပ်စွာ ကုန်သွယ်ရေးဆိပ်ကမ်း၏ အထူး အကောက်ခွန်လုပ်ငန်းသည်သာ စံတင်လောက်သော နမူနာ တစ်ခုပင် ဖြစ်ပါသည်။ ဗြိတိန်နိုင်ငံ ဗြိတိန်-တရုတ် ကုန်သွယ်ရေးအသင်း ဒါရိုက်တာချုပ် ဘယ်ဘီတာ ပြောသလိုပင် "နိုင်ငံတကာတွင်အောင်မြင်မှု ရရှိလိုလျှင် တရုတ်နိုင်ငံကို မရှိမဖြစ် ရွေးချယ်ရသည် "ဟု China Media Group၏ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြ ထားပါသည်။