လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ပထမဆုံးအကြိမ် ခေါင်းဆောင်များအစည်းအဝေး ကျင်းပသည့် ၁၀ နှစ်ပြည့် အထိမ်းအမှတ်ဧည့်ခံပွဲသို့ ဝမ်ရိက တက်ရောက်

lmcchina.org,    April 03, 2026
Size:

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ၂၀၂၆ ခုနှစ် မတ်လ ၂၃ ရက်က ပေကျင်းမြို့၌ ကျင်းပသော လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ပထမဆုံးအကြိမ် ခေါင်းဆောင်များအစည်းအဝေး ကျင်းပသည့် ၁၀ နှစ်ပြည့် အထိမ်းအမှတ်ဧည့်ခံပွဲသို့ တက်ရောက်ပြီး အမှာစကား ပြောကြားခဲ့သည်။ မဲခေါင်မြစ်ဝှမ်းငါးနိုင်ငံမှ တရုတ်နိုင်ငံဆိုင်ရာသံတမန်များ၊ အာဆီယံနိုင်ငံများနှင့် သက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းများမှ တရုတ်နိုင်ငံဆိုင်ရာသံတမန်အရာရှိများ၊ တရုတ်နိုင်ငံ သက်ဆိုင်ရာဝန်ကြီးဌာန၊ ဒေသ၊ Think tank မှ တာဝန်ရှိသူများလည်း ဧည့်ခံပွဲသို့ ပါဝင်တက်ရောက်ခဲ့ကြသည်။

ဝမ်ရိက လန်ချန်း-မဲခေါင်ခြောက်နိုင်ငံသည် တစ်မြစ်တည်းရေ တူစုံ သောက်သုံး၍ ကံကြမ္မာချင်း နီးကပ်စွာ ယှက်နွယ်နေကြကြောင်း၊ လွန်ခဲ့သော ၁၀ နှစ်က ယနေ့အချိန်တွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု တရားဝင်စတင်ခဲ့ကာ  ဒေသတွင်းနိုင်ငံများ၏ စည်းလုံးညီညွတ်ပြီး မိမိကိုယ်ကို အားကိုးအားထားသော၊ အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုမျိုးစေ့ကို ပျိုးကြဲခဲ့ကြောင်း၊ သမ္မတ ရှီကျင့်ဖိန်နှင့် မဲခေါင်မြစ်ဝှမ်းနိုင်ငံ့ခေါင်းဆောင်များ၏ဦးဆောင်မှုအောက်တွင် နိုင်ငံ ၆ နိုင်ငံသည် “တန်းတူညီမျှ ဆက်ဆံခြင်း၊ စိတ်ရင်းစေတနာမှန်ဖြင့် အပြန်အလှန် ကူညီဖေးမခြင်း၊ မိသားစုပမာ ချစ်ကြည်ရင်းနှီးခြင်း” ဟူသော လန်ချန်း-မဲခေါင် ယဉ်ကျေးမှုကို လက်ကိုင်ထား၍ “ဖွံ့ဖြိုးတိုးတက်မှု ဦးစားပေးခြင်း၊ တန်းတူညီမျှ ညှိနှိုင်းဆွေးနွေးခြင်း၊ လက်တွေ့ကျ၍ ထိရောက်မှု မြင့်မားခြင်း၊ တံခါးဖွင့်လှစ်၍ အားလုံးပါဝင်ခြင်း” ဟူသော လန်ချန်း-မဲခေါင် စိတ်ဓာတ်ကို အကောင်အထည်ဖော်ဆောင်ကာ “နေ့စဉ်နှင့်အမျှ တိုးတက်ခြင်း၊ လစဉ်နှင့်အမျှ အောင်မြင်မှုရလဒ် ဖြစ်ထွန်းခြင်း၊ နှစ်စဉ်နှင့်အမျှ အဆင့်သစ်သို့ တက်လှမ်းခြင်း” ဟူသော လန်ချန်း-မဲခေါင်၏မြန်နှုန်းကို ဖန်တီးခဲ့ကြကြောင်း၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုမှာ မျိုးစေ့လေးတစ်စေ့မှသည် အရိပ်အာဝါသ ကြီးမားသော သစ်ပင်ကြီးအဖြစ်သို့ ကြီးထွားလာခဲ့ရာ လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးအတွက် စံနမူနာ ပြုခဲ့ကြောင်း ပြောကြားခဲ့သည်။

ဤဆယ်စုနှစ်တစ်ခုကြာကာလတွင် လန်ချန်း-မဲခေါင်နိုင်ငံများအကြား ကံကြမ္မာ ယှက်နွယ်မှုသည် ပိုမိုနီးကပ်လာပြီး နှစ်နိုင်ငံ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို အပြည့်အဝ လွှမ်းခြုံနိုင်ခဲ့သည်။ ဖွံ့ဖြိုးတိုးတက်မှုတွန်းအားသည် ပိုမိုသန်မာလာ၍ တရုတ်နှင့် မဲခေါင်မြစ်ဝှမ်းငါးနိုင်ငံအကြား ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀၀ ကျော်လွန်ခဲ့ရာ လွန်ခဲ့သောဆယ်နှစ်ကျော်ကနှင့် နှိုင်းယှဉ်ပါက ၁၅၀ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ လုံခြုံမှုအကာအကွယ်မှာ ပိုမိုခိုင်မာပြီး ဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျော့ပါးစေရေး၊ အများပြည်သူ ကျန်းမာရေး စသည့်နယ်ပယ်များတွင် စုပေါင်းကြိုးပမ်းအားထုတ်ကြရာ ဒေသတွင်းရှိပြည်သူများ၏ အသက်အိုးအိမ်နှင့် ပိုင်ဆိုင်မှုများကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်ပေးခဲ့ပါသည်။ လူမှုယဥ်ကျေးမှုဆိုင်ရာဖလှယ်မှု ပိုမိုနက်ရှိုင်းလာပြီး လန်ချန်း-မဲခေါင်ဗီဇာကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ "လန်ချန်း-မဲခေါင် ရိတ်သိမ်းရေး"၊ “ရေချိုစမ်းချောင်းလှုပ်ရှားမှု” စသည့် "သေးငယ်သော်လည်း လှပသည့်" စီမံကိန်းများ၏ အကျိုးသက်‌ရောက်မှုမှာ ထင်ရှားပြီး ယဉ်ကျေးမှု အပြန်အလှန် လေ့လာသင်ယူမှု၊ ပြည်သူချင်းစိတ်ချင်း ချိတ်ဆက်‌ရေးတို့၏ပေါင်းကူးတံတားမှာ ပိုမိုခိုင်မြဲနီးကပ်လာခဲ့သည်။

ချိတ်ဆက်‌ရေးတို့၏ပေါင်းကူးတံတားမှာ ပိုမိုခိုင်မြဲနီးကပ်လာခဲ့သည်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ပူးတွဲဥက္ကဋ္ဌနိုင်ငံ ဖြစ်သော တရုတ်နိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး Chatchai Viriyavejakul က အမှာစကား ပြောကြားရာတွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ၁၀ နှစ်ကြာကာလတွင် ကြွယ်ဝသောအောင်မြင်မှုရလဒ်များ ရရှိခဲ့သည့်အပေါ် အထူးတန်ဖိုးထားသုံးသပ်ခဲ့သလို လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်အတွက် တရုတ်နိုင်ငံ၏ အရေးပါသည့် အကျိုးဆောင်မှုများကိုလည်း တန်ဖိုးထားချီးကျူးကြောင်း ပြောကြားခဲ့သည်။ နိုင်ငံအသီးသီးအနေဖြင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရန်၊ ပို၍ လုံခြုံမှု၊ ပို၍ သန့်ရှင်းမှု၊ ပို၍ စဉ်ဆက်မပြတ်မှု ရှိသော လန်ချန်း-မဲခေါင်နိုင်ငံများ၏ အေးအတူ ပူအမျှ အသိုက်အဝန်းကို အတူတကွ တည်ဆောက်ရန် တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဝမ်ရိသည် မဲခေါင်မြစ်ဝှမ်းနိုင်ငံငါးနိုင်ငံမှ တရုတ်နိုင်ငံဆိုင်ရာသံတမန်များ စသည့် ဧည့်သည်တော်များနှင့်အတူ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအောင်မြင်မှုရလဒ်ပြပွဲသို့ သွားရောက်ကြည့်ရှုခဲ့သည်။ အခမ်းအနားတွင် “လန်ချန်း-မဲခေါင်နိုင်ငံများ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး – ဘုံမျှော်မှန်းချက်နှင့် လက်တွေ့ဖော်ဆောင်မှုလမ်းစဉ်များ”နှင့် “အနာဂတ်ဆယ်စုနှစ်အတွင်း လန်ချန်း-မဲခေါင်ဒေသ အပြန်အလှန် ချိတ်ဆက်မှု၊ ဘုံဖွံ့ဖြိုးတိုးတက်မှု၊ နက်ရှိုင်းစွာ ပေါင်းစည်းမှုဆိုင်ရာဘက်စုံစီမံကိန်း” စသည့် အစီရင်ခံစာနှစ်စောင်ကို ထုတ်ပြန်ကြေညာခဲ့သည်။