
ယခုလ ၂၂ရက်နေ့မှ ၂၃ရက်နေ့ အထိ တရုတ် ဖွံ့ဖြိုးတိုးတက်ရေး အဆင့်မြင့် ဖိုရမ် ၂၀၂၆ခုနှစ် နှစ်ပတ်လည် အစည်းအဝေးကို ပေကျင်းတွင် ကျင်းပခဲ့ရာ နိုင်ငံ ဖြတ်ကျော် လုပ် ငန်း ကုမ္ပဏီ ၁၀၀ခန့်မှ တာဝန်ခံများ လာရောက်ပြီး အစည်းအဝေးသို့ တက်ရောက် ခဲ့ကြ သည်။ ယင်း တရုတ် နိုင်ငံသို့ လာရောက် လှည့်လည်ခြင်း အရှိန်အဟုန်သည် လွန်ခဲ့သည့် နှစ် ကုန်ပိုင်းမှ စတင်ခဲ့သော “ကမ္ဘာကြီး အရှေ့တိုင်းသို့ မျှော်ကြည့်ခြင်း” အရှိန်ကို ထိန်းသိမ်း ထားခြင်းဖြစ် ပါသည်။ နောက်ကွယ်မှ အကြောင်းရင်းမှာ ယခု အကြိမ် နှစ်ပတ်လည် အစည်း အဝေးတွင် တရုတ် နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီချန်၏ အဓိကမိန့်ခွန်းတွင် ပြောကြား ခဲ့သလိုပင် “တရုတ် နိုင်ငံသည် ကမ္ဘာကြီးအတွက် ‘သေချာရေရာသော အခြေခံ အုတ်မြစ်’နှင့် ‘တည်ငြိမ်သော ဆိပ်ကမ်း’ ဖြစ်စေရန် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်နေခြင်း”ကြောင့် ဖြစ် သည်ဟု သတင်းအရ သိရသည်။
ယင်းသေချာရေရာမှုနှင့် တည်ငြိမ်မှုများသည် တရုတ်နိုင်ငံ၏ “ မြေပုံတစ်ခုကို ဆုံးခန်း တိုင်အောင် ရေးဆွဲရမည်” ဆိုသော မဟာဗျူဟာမြောက် ခိုင်မာမှုမှ လာသည်။ ယခု ရက်များတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် တရုတ် နိုင်ငံ၏ ၁၅ကြိမ်မြောက် ၅နှစ် စီမံ ကိန်း မူဘောင်ကို ထပ်ခါ တလဲလဲ ရည်ညွှန်း ပြောကြားခဲ့သည်။ ယင်း စီမံကိန်းကြီးသည် တရုတ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် “လမ်းပြမြေပုံ” ဖြစ်ရုံသာမက ကမ္ဘာကြီး ဖွံ့ဖြိုး တိုးတက်ရေး အတွက်လည်း “အခွင့်အလမ်းသစ်” ဖြစ်သည်။ မူဝါဒ တည်ငြိမ် ပါက မျှော်မှန်း ချက် တည်ငြိမ်မည် ဖြစ်ပြီး မျှော်မှန်းချက် တည်ငြိမ်လျှင် ယုံကြည်မှု အပြည့်အဝ ရှိလာမည် ဖြစ်သည်။ တရုတ် အစိုးရ၏ မူဝါဒ သေချာ ရေရာမှုကြောင့် နိုင်ငံခြား လုပ်ငန်း ကုမ္ပဏီများ သည် တရုတ် နိုင်ငံတွင် စနစ်တကျ ရေရှည် ဖွံ့ဖြိုးတိုးတက်ရန် စီမံကိန်းများ ချမှတ်နိုင်မည် ဖြစ်သည်။
ယင်းသေချာရေရာမှုနှင့် တည်ငြိမ်မှုများသည် ကမ္ဘာ့ ဒုတိယ အကြီးဆုံး စီးပွား ရေး အုပ်စု ဖြစ်သည့် တရုတ် နိုင်ငံ၌ အလွန် ကြီးမားသည့် ဈေးကွက်၏ အလွန် ကောင်းမွန်သည့် ရှေ့ အလားအလာနှင့် တရုတ် နိုင်ငံ၏ ဆန်းသစ်တီထွင် နိုင်စွမ်းမှလည်း လာသည်။ နိုင်ငံ ဖြတ် ကျော် လုပ်ငန်း ကုမ္ပဏီများသည် တရုတ် ဈေးကွက်၏ ယင်း အားသာချက်များမှ တစ်ဆင့် ပိုမို များပြားသည့် အခွင့်ကောင်းများကို အတူတကွ လက်တွဲဖော်ဆောင်ရန် ပိုမိုမြင်တွေ့ လာရသည်။
ထို့အပြင်၊ ယင်းသေချာရေရာမှုနှင့် တည်ငြိမ်မှုများသည် တရုတ် နိုင်ငံ၏ ပြည်ပသို့ တံခါး ဖွင့်မှုကို တစ်နေ့တခြား တိုးချဲ့ ကျင့်သုံးလာခြင်းမှလည်း လာသည်။ တရုတ် အစိုးရသည် လက်တွေ့ကျသော ဆောင်ရွက်ချက်များစွာဖြင့် “နိုင်ငံခြားသို့ ဖွင့်ထားသော ပွင့်လင်းသော တံခါးသည် ပိတ်သွားမည်မဟုတ်ဘဲ ပို၍သာ ကျယ်ပြန့်လာမည်” ဖြစ်သည့် ရှင်းလင်း ပြတ်သားသော အချက်ကို ပြသလိုက်ခြင်းဖြစ်သည်။ ယခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလ အထိ တရုတ်နိုင်ငံတွင် အသစ်တည်ထောင်ခဲ့သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင် သော ကုမ္ပဏီ အရေအတွက်မှာ ၈၆၃၁ခု ရှိပြီး ယမန်နှစ် အလားတူ အချိန်ပိုင်း ကထက် ၁၄ ရာခိုင်နှုန်း တိုးလာကြောင်း သက်ဆိုင်ရာ စာရင်းအရ သိရသည်။ “တရုတ်ပြည်တွင် ရင်းနှီးမြှုပ် နှံခြင်းသည် အနာဂတ် အတွက် ရင်းနှီးမြှုပ်နှံခြင်းပင် ဖြစ်ကြောင်း”သည် နိုင်ငံခြား ရင်းနှီး မြှုပ်နှံသူများ အကြား ဘုံအမြင် သဘောထား ဖြစ်လာသည်။
လက်ရှိ တရုတ်ပြည်တွင် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် ကောင်းမွန် နေပြီး ပြည်ပသို့ ဖွင့်ထားသည့် တံခါးမှာလည်း ပိုမို ကျယ်ပြန့်လာနေသည်။ နိုင်ငံ ဖြတ်ကျော် လုပ်ငန်း ကုမ္ပဏီများစွာက တရုတ် နိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံခြင်းသည် တရုတ် ဈေး ကွက် အပေါ် ယုံကြည်မှုမဲ ပေးခြင်းပင် ဖြစ်သည်။ ယင်းသည် တစ်ဖက်သတ် ဝါဒနှင့် ကိုယ် ကျိုး စီးပွား ကာကွယ်ရေး ဝါဒ ပြင်းထန်လာသော်လည်း ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အင်အားစုများမှာ အဆက်မပြတ် ကြီးထွား လာနေပြီး တံခါးဖွင့်မှု၊ ပူးပေါင်း ဆောင်ရွက်မှုနှင့် အပြန်အလှန် အကျိုးရှိစေပြီး အားလုံး အောင်မြင်မှု ရရှိခြင်းကသာ ယနေ့ခေတ်၏ ပင်မ ခေတ်ရေစီးကြောင်း ဖြစ်မြဲ ဖြစ်နေကြောင်း အပြည့်အဝ ပြဆိုနေသည်။