
မကြာမီက China Media Group မှ ဦးစီးကျင်းပသော "နွေဦးချိန် တရုတ်ပြည်၊ တရုတ်ဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘာကြီး၏ အခွင့်အလမ်းပင်ဖြစ်ခြင်း" ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးပွဲကို လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ကင်ညာ၊ မွန်ဂိုးလီးယားနှင့် တောင်ကိုရီးယားစသည့် နိုင်ငံများတွင် ကျင်းပခဲ့သည်။ တရုတ်ကွန်မြူနစ် ပါတီ ဗဟို ကော်မတီ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံက ဗီဒီယိုပုံစံဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။