
၂၀၂၆ ခုနှစ် Zhongguancun ဖိုရမ် နှစ်ပတ်လည်အစည်းအဝေးကို "သိပ္ပံနှင့်နည်းပညာ ဆန်းသစ်တီထွင်ရေးနှင့် ထုတ်လုပ်မှုဆန်းသစ်တီထွင်ရေး နက်ရှိုင်းစွာ ပေါင်းစည်းခြင်း" ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပလျက်ရှိကြောင်း၊ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံနှင့်ဒေသပေါင်း ၁၀၀ ကျော်မှ ဧည့်သည်တော် တစ်ထောင်ကျော် အစည်းအဝေးသို့ တက်ရောက်ပြီး တရုတ်နိုင်ငံ၏ သိပ္ပံနှင့်နည်းပညာဆန်းသစ်တီထွင်ရေး၊ ထုတ်လုပ်မှုဆန်းသစ်တီထွင်ရေးနှင့် အဆင့်မြင့် သိပ္ပံနှင့် နည်းပညာ တံခါးဖွင့်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။
ယခုနှစ်ဖိုရမ်တွင် ဉာဏ်ရည်တုစမတ်ပညာများ၊ စမတ် ထုတ်လုပ်မှုနှင့် ဇီဝဆေးပညာအပါအဝင် ခေတ်မီသော တီထွင်ဖန်တီးမှု ၅၀၀ ကျော်ကို ပြသထားပြီး တရုတ်နိုင်ငံ၏ နောက်ဆုံးပေါ် သိပ္ပံနှင့်နည်းပညာ အောင်မြင်မှုများနှင့် အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားတွင် ခေတ်မီတိုးတက်မှုများကို အပြည့်အဝ ပြသထားကြောင်း သိရပါသည်။