
ဇန်နဝါရီလ ၁၉ ရက်နေ့တွင် လန်ချန်း-မဲခေါင် အထူးရန်ပုံငွေမှ ထောက်ပံ့သော “SME များ၏ Eco-Innovation နှင့် Green Practices တိုးတက်ရေး” အစည်းအဝေးကို နေပြည်တော်တွင် ကျင်းပခဲ့သည်။ သံအမတ်ကြီး Ms. Ma Jia ၊ မြန်မာနိုင်ငံ စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေ ၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့(မြန်မာ)မှ ဒုတိယဥက္ကဋ္ဌ ဦးအောင်ကျော်မိုး နှင့် လန်ချန်း-မဲခေါင် (၆) နိုင်ငံမှ ကုမ္ပဏီကိုယ်စားလှယ်နှင့် ကျွမ်းကျင်ပညာရှင်များ ၁၂၀ ခန့် အခမ်းအနားသို့တက်ရောက်ခဲ့ကြသည်။
သံအမတ်ကြီး Ms. Ma Jia က အဆိုပါလန်ချန်း-မဲခေါင် စီမံကိန်းသည် ကောင်းမွန်သော ဒေသတွင်း စံပြအကျိုးသက်ရောက်မှုကိုရရှိခဲ့ခြင်းအား ချီးကျူးခဲ့ပြီး လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်သော စံနမူနာတစ်ခုဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ကာ တရုတ်နိုင်ငံသည် လန်ချန်း-မဲခေါင် နိုင်ငံများရှိ SME များအား Eco-Innovation နှင့် အစိမ်းရောင် အသွင်ကူးပြောင်းမှုတွင် ပံ့ပိုးပေးရေး၊ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု၊ တံခါးဖွင့်လှစ်မှုနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းမှု၊ အစိမ်းရောင် ဆန်းသစ်တီထွင်မှု၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းမှု ရှိသော "လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ၂.၀ ဗာရှင်း" ကို အတူတကွ ဖန်တီးသွားရန် ဆန္ဒရှိကြောင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ ခိုင်မာအားကောင်းသော ပံ့ပိုးမှုအတွက် ကျေးဇူးတင်ကြောင်း၊လန်ချန်း-မဲခေါင်ဒေသ နိုင်ငံများအကြား မူဝါဒညှိနှိုင်းမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့် လုပ်ဆောင်သွားရန် မျှော်လင့်ပြီး SME လုပ်ငန်းများ၏ အစိမ်းရောင် ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်၍ စီးပွားရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အတူတကွ ဖွံ့ဖြိုးတိုးတက်မှုကို လက်တွေ့အကောင်ထည်ဖော်ဆောင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါစီမံကိန်းသည် လန်ချန်း-မဲခေါင်ဒေသနိုင်ငံများရှိ SME လုပ်ငန်း ၈၀ နီးပါးကို သုတေသနနှင့် အကဲဖြတ်ခြင်း ပြုလုပ်မှုမှတစ်ဆင့် ဒေသတွင်းအစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးကူညီရန် မူဝါဒအကြံပြုချက် များကို အဆိုပြုခဲ့သည်။