တရုတ်နိုင်ငံ၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးသည် ကမ္ဘာ့စီးပွားရေးထဲသို့ တည်ငြိမ်မှု ကို ထိုးသွင်းပေးကြောင်း နိုင်ငံတကာ ပုဂ္ဂိုလ်များ ဆို

CGTN,    March 23, 2026
Size:

"တရုတ်နိုင်ငံကို နားလည်ရန်" ကမ္ဘာကြီး၏ အရေးကြီးသော ပြတင်းပေါက် တစ်ခုအနေဖြင့် လက်ရှိ တရုတ်နိုင်ငံတွင် ကျင်းပလျက်ရှိသည့် အစည်းအဝေးနှစ်ရပ်သည် ကမ္ဘာ တစ်ဝှမ်းရှိ မီဒီယာများ၏ အာရုံစိုက်မှုများကို ဆက်တိုက် ရရှိနေသည်။ နိုင်ငံတကာ အခြေအနေ မငြိမ်မသက်ဖြစ်နေပြီး ဒေသတွင်း ပဋိပက္ခများ မြင့်တက်လာနေချိန်တွင် တရုတ် နိုင်ငံ၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး သေချာမှုသည် ကမ္ဘာ့ဈေးကွက်ထဲသို့ အဖိုးတန် သော ယုံကြည်မှုနှင့် တည်ငြိမ်မှုကို ထိုးသွင်းပေးနေကြောင်း နိုင်ငံတကာ ပုဂ္ဂိုလ် များက ဖော်ပြခဲ့ကြသည်။