
တစ်နှစ်တစ်ကြိမ် ကျင်းပနေသော တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်နှင့် ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ နှစ်ပတ်လည် အစည်းအဝေးများသည် ကမ္ဘာကြီး၏ အာရုံစူးစိုက်မှု ဆွဲဆောင်နေပါသည်။ မတ်လ ၅ ရက်နေ့က တရုတ်အစိုးရသည် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အစည်းအဝေးသို့ ၂၀၂၆ ခုနှစ် အစိုးရလုပ်ငန်း အစီရင်ခံစာကို တင်ပြခဲ့သည်။ ယင်းအစီရင်ခံစာတွင် ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း၏ ပထမနှစ် ဖြစ်သည့် ၂၀၂၆ ခုနှစ်၏ GDP တိုးတက်မှု ရည်မှန်းချက်ကို ၄.၅ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ ချမှတ်ထားပါသည်။
နိုင်ငံတကာ မီဒီယာများစွာတို့က အထက်ပါ GDP တိုးတက်မှု ရည်မှန်းချက်ကို ၄.၅ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ ချမှတ်ထားခြင်းသည် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး အစီအမံသည် "ဒီဂျစ်တယ်ကို ဦးစားပေးခြင်း" မှ "အရည်အသွေးကို ဦးစားပေးခြင်း" သို့ တစ်ဆင့်တိုး ပြောင်းလဲလာပြီး အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးသည် ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ အတွင်း အဓိက ရေစီးကြောင်း ဖြစ်သွားမည်ဟု အသီးသီး သုံးသပ်ဖော်ပြထားကြပါသည်။
အစိုးရလုပ်ငန်းအစီရင်ခံစာတွင် တင်ပြထားသော မြို့ပြနှင့်ကျေးလက် ပြည်သူများ ဝင်ငွေ တိုးမြင့်ရေး အစီအစဉ်ကို ဖော်ဆောင်ခြင်း၊ သုံးစွဲမှု ပမာဏ မြှင့်တင်ခြင်း၊ ဝန်ဆောင်မှုဆိုင်ရာ သုံးစွဲမှုများ မြှင့်တင်ခြင်း စသည့် ဆောင်ရွက်ချက်များသည် ကမ္ဘာကြီးက တရုတ်စျေးကွက်ကြီး၏ အခွင့်အလမ်းများကို အတူ မျှဝေရန်အတွက် အခွင့်အလမ်းများကို တစ်ဆင့်တိုး တိုးချဲ့ပေးမည် ဖြစ်ပါသည်။
အစိုးရလုပ်ငန်း အစီရင်ခံစာတွင် သိပ္ပံနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး ခေတ်ရေစီးကြောင်းနှင့်အညီ စမတ်နည်းပညာ စီးပွားရေး အသွင်ပုံစံသစ်ကို တည်ဆောက်မည်ဟု ဖော်ပြထားပါသည်။ စမတ်နည်းပညာများသည် စမ်းသပ်ခန်းများမှနေ စျေးကွက်များနှင့် ထောင်သောင်းချီ မိသားစုများထဲသို့ ဝင်ရောက်သွားမည် ဖြစ်ပါသည်။ အမေရိကန် CNN ဝက်ဘ်ဆိုက်တွင် "တရုတ်နိုင်ငံက ဆန်းသစ်တီထွင်မှု ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးခြင်းသည် ကမ္ဘာကြီးအား အကျိုးပြုသွားမည်ဖြစ်ကြောင်း ပေကျင်းမှ လာသော သတင်းကို ရရှိသည်"ဟု ရေးသားဖော်ပြထားပါသည်။
၅ နှစ်စီမံကိန်းသည် လှေကားထစ် တစ်ခုလို တရုတ်နိုင်ငံသည် တရုတ်အသွင်ပုံစံ ခေတ်မီရေး ရည်မှန်းချက်အတိုင်း လှေကားထစ်အပေါ် အဆက်မပြတ် တက်လှမ်းနေပါသည်။ ၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်း အောင်မြင်စွာ ပြီးဆုံးခဲ့ပြီး တရုတ်နိုင်ငံက ကမ္ဘာ့စီးပွားရေး၏ တည်ငြိမ်ဖွယ်ရာ ဖြစ်လာခဲ့သည်။ ယခု ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း စတင်ပြီ ဖြစ်ပြီး တရုတ်နိုင်ငံက ကြိုးပမ်းအားထုတ်ပြီး ရှေ့သို့ ဆက်လက် ချီတက်နေကာ ကမ္ဘာကြီးအတွက် ရှင်သန် ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းအသစ်များကို ဆောင်ကြဉ်းပေးသွားပါ့မည် ဖြစ်ကြောင်း China Media Group၏ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြ ထားပါသည်။