“ယခုနှစ်ရဲ့ အစိုးရလုပ်ငန်းအစီရင်ခံစာမှာ ဇီဝဆေးဝါးကုသရေးကို ထွန်းသစ်စ မဏ္ဍိုင်လုပ်ငန်းအဖြစ် သတ်မှတ်ထားပါတယ်” ၊ “ယခုနှစ်ရဲ့ အစီရင်ခံစာမှာ စီးပွားဖြစ် ကျန်းမာရေးအာမခံကို ပထမဆုံးအကြိမ် ဖော်ပြထားပါတယ်” …… အစည်းအဝေးကြီးနှစ်ရပ် ကျင်းပစဉ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက အစိုးရလုပ်ငန်းအစီရင်ခံစာပါ ၎င်းတို့ရဲ့လုပ်ငန်းများနဲ့ ဆက်နွှယ်တဲ့ စီစဉ်ဆောင်ရွက်မှုအသစ်များ၊ ဖော်ပြချက်အသစ်များကို အထူးအာရုံစိုက်ခဲ့ကြပါတယ်။ “ခိုင်မာအားကောင်းတဲ့ ပြည်တွင်းစျေးကွက်ကို အရှိန်အဟုန်ဖြင့် တည်ဆောက်ခြင်း” ဖြင့် စားသုံးမှုအလားအလာကို ဖော်ထုတ်ခြင်းမှသည် “စွမ်းအားသစ်များကို မြန်မြန်ဆန်ဆန် ပျိုးထောင် ကြီးထွားလာစေခြင်း” ဖြင့် ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်ကို ဖြည့်သွင်းခြင်းအထိ၊ ထို့နောက် “အရည်အသွေးမြင့် ပြင်ပသို့ တံခါးဖွင့်လှစ်မှုကို ပိုမိုချဲ့ထွင်ခြင်း” ဖြင့် ပူးပေါင်းဆောင်ရွက်မှုအလားအလာများကို တိုးချဲ့ခြင်းအထိ၊ တရုတ်စျေးကွက်ဟာ အလားအလာကြီးမားတယ်လို့ နိုင်ငံဖြတ်ကျော်လုပ်ငန်းကုမ္ပဏီများက ကျယ်ကျယ်ပြန့်ပြန့် အကောင်းမြင်ကြပါတယ်။
