တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကမ္ဘာကြီးအတွက် အခွင့်အလမ်းသစ်များ

CGTN,    March 12, 2026
Size:

အစည်းအဝေးနှစ်ရပ်သို့ တက်ရောက်ပြီး သတင်းရယူသော နိုင်ငံခြား သတင်းထောက် များက တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းသစ်များကို မျှဝေခံစားနိုင်ရန် အလွန် မျှော်မှန်း ကြကြောင်း ပြောကြားခဲ့ကြပါသည်။

ယခုနှစ် အစည်းအဝေးနှစ်ရပ်သို့ တက်ရောက်ပြီး သတင်းရယူသော နိုင်ငံခြား သတင်း ထောက် ၁၀၀၀နီးပါးရှိပြီး ၎င်းတို့သည် ယခုနှစ် အစည်းအဝေးနှစ်ရပ်မှ ထွက်ပေါ်လာသည့် အရေးကြီး သတင်းအချက်အလက်များကို အထူးအာရုံစိုက် စောင့်ကြည့်ခဲ့ကြပါသည်။ တရုတ် စီးပွားရေး၏ တက်ကြွမှုနှင့် ကြံ့ကြံ့ခံနိုင်စွမ်းရှိမှုတို့အပေါ် များစွာ အထင်ကြီးမိကြောင်း သတင်း ထောက် အများအပြားက ပြောကြားခဲ့ကြသည်။