တရုတ်နိုင်ငံ ၂၀၂၅ ခုနှစ် အမျိုးသားစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စာရင်းအင်း ကြေညာချက်ကို ထုတ်ပြန်၊ ၂၀၂၅ခုနှစ် GDP သည် လွန်ခဲ့သည့်နှစ်ကထက် ၅ ရာခိုင်နှုန်း တိုးလာ

CGTN,    March 10, 2026
Size:

ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် တရုတ်နိုင်ငံတော် စာရင်းအင်း ဦးစီးဌာနသည် "တရုတ်နိုင်ငံ ၂၀၂၅ ခုနှစ် အမျိုးသားစီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုး တက်မှုဆိုင်ရာ  စာရင်းအင်းကြေညာချက်" ကို ထုတ်ပြန်ခဲ့ပါသည်။

ကနဦးတွက်ချက်မှုများအရ ၂၀၂၅ခုနှစ် တစ်နှစ်လုံး GDP သည် ယွမ် ၁၄၀,၁၈၇.၉ ဘီလီယံဖြစ်ပြီး လွန်ခဲ့သည့်နှစ်ကထက် ၅ ရာခိုင်နှုန်း တိုးလာကြောင်း၊ ၎င်းတို့အနက် ပထမ အမျိုးအစားကုန်ထုတ်လုပ်မှုများ၏ တိုးတက်မှုတန်ဖိုးမှာ ယွမ် ၉,၃၃၄.၇ ဘီလီယံဖြစ်ပြီး ယခင်နှစ်ကထက် ၃.၉ ရာခိုင်နှုန်း တိုးလာကြောင်း၊ ဒုတိယအမျိုးအစားကုန်ထုတ်လုပ်မှု များ၏ တိုးတက်မှုတန်ဖိုးမှာ ယွမ် ၄၉,၉၆၅.၃ ဘီလီယံဖြစ်ပြီး ၄.၅ ရာခိုင်နှုန်း တိုးလာကြောင်း၊ တတိယ အမျိုးအစား ကုန်ထုတ်လုပ်မှုများ၏ တိုးတက်မှုတန်ဖိုးမှာ ယွမ် ၈၀,၈၈၇.၉ ဘီလီယံဖြစ်ပြီး ၅.၄ ရာခိုင်နှုန်း တိုးလာကြောင်း သိရပါသည်။

ပထမအမျိုးအစား ကုန်ထုတ်လုပ်မှုများ၏ တိုးတက်မှုတန်ဖိုးသည် GDP ၏ ၆.၇ ရာခိုင်နှုန်းဖြစ်ပြီး ဒုတိယ အမျိုးအစားကုန်ထုတ်လုပ်မှုများသည် ၃၅.၆ ရာခိုင်နှုန်းဖြစ်ကာ တတိယ အမျိုးအစား ကုန်ထုတ်လုပ်မှုများသည် ၅၇.၇ ရာခိုင်နှုန်း ဖြစ်သည်။