တရုတ် သွင်းကုန်ပို့ကုန်ဘဏ်၏ Belt and Road တည်ဆောက်ရေး အတွက် ပေးဆပ်ရန်ကျန်ရှိသော ချေးငွေပမာဏမှာ ယွမ် ၂ ထရီလီယံကျော်ရှိ

CGTN,    March 06, 2026
Size:

၂၀၂၆ ခုနှစ် ဇန်နဝါရီလ လကုန်အထိ တရုတ်နိုင်ငံ၏ သွင်းကုန်ပို့ကုန်ဘဏ်၏ Belt and Road တည်ဆောက်ရေး အတွက် ပေးဆပ်ရန်ကျန်ရှိသော ချေးငွေပမာဏမှာ ယွမ် ၂ ထရီလီယံကျော်ရှိပြီး ပါဝင်သော နိုင်ငံပေါင်း ၁၃၀ ကျော်ရှိသည်။ ရန်ပုံငွေများကို အဓိကအားဖြင့် ကုန်သွယ်မှု သွင်းကုန်ပို့ကုန်၊ အခြေခံအဆောက်အအုံ ချိတ်ဆက်မှု၊ ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့် ထုတ်လုပ်မှု စွမ်းရည် ပူးပေါင်းဆောင်ရွက်မှု၊ အဆင့်မြင့်ကုန်ထုတ်လုပ်မှု၊ မြစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများ၏ စားဝတ်နေရေးကို တိုးတက်ကောင်းမွန်စေရေး ကဲ့သို့သော နယ်ပယ်များတွင် ရင်းနှီးမြှုပ်နှံထားသည်။