တရုတ် နွေဦးပွဲတော် ဈေးဝယ်မှု ဈေးကွက်က အာဆီယံ သစ်သီးဝလံများ အရောင်းသွက်စေ

CGTN,    March 05, 2026
Size:

နွေဦးပွဲတော်သည် တရုတ်နိုင်ငံမှ အရေးအကြီးဆုံး ရိုးရာပွဲတော်များထဲမှ တစ်ခုဖြစ်သည်။ မကြာခင် နှစ်များအတွင်း တရုတ်ပြည်သူများ၏ စားသုံးမှုအဆင့်အတန်း တိုးတက်လာခြင်းနှင့် နယ်စပ် ဖြတ်ကျော် ကုန်စည်ပို့ဆောင်မှု ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အမျှ လတ်ဆတ်ပြီး အရည်အသွေး မြင့်မားသော အာဆီယံ သစ်သီးဝလံများသည် စားသုံးသူများစွာ၏ နွေဦး ပွဲတော် ဈေးဝယ်မှုအတွက် ရွေးချယ်မှုအသစ်တစ်ခု ဖြစ်လာခဲ့သည်။ အီလက်ထရွန်းနစ် ကူးသန်း ရောင်းဝယ်ရေး ပလက်ဖောင်းများနှင့် တိုက်ရိုက်ထုတ်လွှင့်မှုဖြင့် ကုန်စည် ရောင်းဝယ်ရေး တို့သည် တရုတ်နိုင်ငံ၌ အာဆီယံသစ်သီးဝလံများကို တစ်ဆင့်တိုး အရောင်းသွက်စေခဲ့သည်။ တရုတ်နိုင်ငံ၏ သစ်သီးဝလံသွင်းကုန်များအပေါ် ကြီးမားသော ဝယ်လိုအားနှင့် နွေဦးပွဲတော် အားလပ်ရက်ရှည်အတွင်း စားသုံးမှု မြင့်တက်မှုကြောင့် အာဆီယံ သစ်သီးဝလံများသည် နွေဦးပွဲတော်မတိုင်မီ ဆက်တိုက် အရောင်းသွက် လာနေသည်။