အဘယ်ကြောင့် တရုတ် နွေဦးပွဲတော်သည် တစ်ကမ္ဘာလုံးတွင် ယဉ်ကျေးမှု ဆိုင်ရာ တုံ့ပြန်မှု ကောင်းများ ရရှိနိုင်သနည်း

CGTN,    March 03, 2026
Size:

    မကြာခင် ရက်များက China Media Group ၏ ၂၀၂၆ ခုနှစ် နွေဦးပွဲတော်အကြိုညချမ်း ပဒေသာဖျော်ဖြေပွဲကို ထုတ်လွှင့်ပြီး တစ်ကမ္ဘာလုံးရှိ တရုတ် လူမျိုးများနှင့် ပင်လယ် ရပ်ခြားတွင် မိတ်ဆွေများအား နှစ်သစ်ကူး နွေဦးပွဲတော် နှုတ်ခွန်းဆက်သကာ နွေဦး ပွဲတော်နှင့် တရုတ် ယဉ်ကျေးမှု၏ အားကောင်းသော ဆွဲဆောင်မှုများကို ကမ္ဘာအား ပြသခဲ့သည်။ တစ်ကမ္ဘာလုံးတွင် မီဒီယာ ၄ထောင်နီးပါးသည် ယခုအကြိမ် ပဒေသာ ဖျော်ဖြေပွဲကို တစ်ပြေးညီ ထုတ်လွှင့် ခြင်း(သို့) သတင်းထုတ်ပြန်ခြင်းများအား ပြုလုပ်ပြီး နိုင်ငံခြား ပရိသတ်များ၏ ကြည့်ရှုမှု  အကြိမ်ပေါင်း ၂.၄ဘီလီယံကျော် ရှိကြောင်း သက်ဆိုင်ရာ စာရင်းအရ သိရသည်။

   တရုတ် လူမျိုးများ၏ အရေးအကြီးဆုံးသော ရိုးရာ ပွဲတော် ဖြစ်သည့်အလျောက် နွေဦး ပွဲတော်၏ သမိုင်းနှင့် ယဉ်ကျေးမှု တန်ဖိုးများကို ပိုမို များပြားသော နိုင်ငံတကာ အသိုင်း အဝိုင်းမှ အသိအမှတ်ပြုမှုများ တစ်နေ့တခြား ရရှိလာသည်။ နွေဦးပွဲတော်သည် “နွေဦးရာသီ   စတင်ပြီး သဘာဝ ရှုခင်းမှာ အသွင်သစ် အမျိုးမျိုး ဆောင်လာသည်” ဟူသော ကောင်းမွန် သည့် အဓိပ္ပါယ် ဖော်ဆောင်ချက် ရှိသည့် အပြင်၊ မိသားစု ပြန်လည် ဆုံစည်းခြင်း၊ သင့်မြတ် သာယာမှုနှင့် အားလုံးပါဝင်ခြင်း၊ သဟဇာတရှိရှိ ယှဉ်တွဲနေထိုင်ရေး ဟူသော တန်ဖိုးရှိ အမြင်များကိုလည်း ဖော်ပြခြင်း ဖြစ်သည်။ ယင်းတို့သည် လူသားတစ်ရပ်လုံး၏ ဘုံ ခံစားချက်များနှင့်ကိုက်ညီနေခြင်း ဖြစ်သည်။

၂၀၂၄ခုနှစ်တွင် နွေဦးပွဲတော်သည် ကုလသမဂ္ဂ ယူနက်စကို အဖွဲ့၏ လူသား မျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ် အမည်စာရင်းထဲတွင် ထည့်သွင်းခြင်း ခံခဲ့ရသည်။ မကြာခင် နှစ်များက နွေဦးပွဲတော် ကျရောက်လာသည့် အခါတွင် နိုင်ငံများစွာမှ ခေါင်းဆောင်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ တာဝန်ခံများသည် တရုတ် လူမျိုးများအား နှစ်သစ်ကူး ဆုမွန်ကောင်း တောင်းပေး လေ့ရှိသည်။ တစ်ချိန်တည်းတွင် နိုင်ငံများစွာ၌ နွေဦးပွဲတော် ပွဲဈေးတန်းနှင့် ရောင်စုံမီးအလင်းရောင်ပြပွဲ အပါအဝင် ဆန်းပြားစုံလင်သော လှုပ်ရှားမှုများကို ကျင်းပ လေ့ရှိသည်။ ယင်းတို့သည် လက်ရှိ ကမ္ဘာကြီးတွင် တရုတ် နိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှုတစ်ခု၏ လွှမ်းမိုးမှု  တစ်နေ့တခြား တိုးပွား လာနေခြင်းကို ပြဆိုနေသည်။

အဘယ်ကြောင့် တရုတ် နွေဦးပွဲတော်သည် တစ်ကမ္ဘာလုံးတွင် ယဉ်ကျေးမှု ဆိုင်ရာ တုံ့ပြန်မှုကောင်းများ ရရှိနိုင်သနည်း။

ပထမ အချက်က မကြာခင် နှစ်များတွင် တရုတ် ယဉ်ကျေးမှုနှင့် နိုင်ငံခြား ယဉ်ကျေးမှု များ အကြား ကူးလူးဖလှယ်မှု၊ အပြန်အလှန် အတုယူမှုနှင့် ရောနှောပေါင်းစပ်မှုများ ပိုမိုများပြားလာသည်နှင့် အမျှ တရုတ်လူမျိုးများ၏ တရုတ် ယဉ်ကျေးမှုကို ရှင်းလင်းဖော်ပြ နိုင်စွမ်းနှင့် ပြသ နိုင်စွမ်းများသည် သိသာထင်ရှားစွာ တိုးမြင့်လာ၍ ကောင်းမွန်သော တရုတ် ရိုးရာ ယဉ်ကျေးမှုများသည် ပိုမိုများပြားသော နိုင်ငံခြားသားများ၏ သိရှိနားလည်မှုများကို ရရှိလာသည်။

ဒုတိယ အချက် ကတော့ မတည်မငြိမ် ဖြစ်နေသော လက်ရှိ ကမ္ဘာတွင် တရုတ် နိုင်ငံသည် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို အဆက်မပြတ် ဖော်ဆောင်ပြီး နိုင်ငံခြားသို့ တံခါးဖွင့်မှုကို ဆက်တိုက် တိုးချဲ့ဆောင်ရွက်ကာ ကမ္ဘာ အတွက် အဖိုးတန်သော တည်ငြိမ်မှု နှင့် သေချာမှုများကို ဖော်ဆောင်ပေးသောကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှ နှစ်သက်မှုနှင့် အသိအမှတ်ပြုမှုများ ရရှိခြင်းဖြစ်သည်။ ပိုမိုများပြားသည့် နိုင်ငံခြားသားများသည် တရုတ် နိုင်ငံကို ပိုမို နက်ရှိုင်းစွာ သိရှိနားလည်ရန် ဆန္ဒရှိလာပြီး ပင်လယ်ရပ်ခြားတွင် “တရုတ် ယဉ်ကျေးမှု၏ ရေပန်းစားမှု”ကို တွန်းအားပေးနေသည်။

ထို့အပြင်၊ မကြာခင် နှစ်များတွင် တရုတ် အစိုးရမှ ကျင့်သုံးသော ဗီဇာ ကင်းလွတ်ခွင့် မူဝါဒ၏ တွန်းအားပေးမှုကြောင့် နိုင်ငံခြားသား များစွာသည် တရုတ် နိုင်ငံသို့ လာရောက် ခရီးလှည့်လည်ပြီး တရုတ် နိုင်ငံနှင့် တရုတ် ယဉ်ကျေးမှု၏ ဆွဲဆောင်မှုများကို ကိုယ်တိုင် လေ့လာ ခံစားကာ ကမ္ဘာကြီး အနေနှင့် တရုတ် နိုင်ငံ အကြောင်း ဘက်စုံ သိရှိနားလည်ရန် တွန်းအားပေးနေသည့် အပြုသဘောဆောင်သော အင်အား ဖြစ်လာသည်။