ဖေဖော်ဝါရီလ ၅ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်း ရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် လာအိုနိုင်ငံ ပြည်သူ့ တော်လှန်ရေးပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး၊ လာအိုနိုင်ငံ သမ္မတ သွန်လွန်အား အကြောင်းပြန်စာ ပေးပို့ပြီး ၂၀၂၆ ခုနှစ်ကို တရုတ်-လာအို ချစ်ကြည်ရေးနှစ် အဖြစ် သတ်မှတ်ကြောင်းနှင့် အထိမ်း အမှတ်များ စတင်ကြောင်း ပူးတွဲ ကြေညာခဲ့ကြပါသည်။
ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် အစဉ်တစိုက် မဟာဗျူဟာနှင့် ရေရှည် ရှုထောင့်မှ တရုတ်-လာအို ဆက်ဆံရေးကို ရှုမြင်ပြီး လာအိုနိုင်ငံနှင့် အတူ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး တည် ထောင်ခဲ့သည့် ၆၅ နှစ် ပြည့်မြောက်ခြင်းနှင့် တရုတ်-လာအို ချစ်ကြည်ရေးနှစ်တို့ကို အခွင့်ကောင်း အဖြစ် ရှုမြင်ကာ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်း စေလိုပါကြောင်း၊ နှစ်နိုင်ငံတို့၏ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပြီး နှစ်ဖက်အကြား ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ခြင်းကို နှစ်နိုင်ငံ ဆက်ဆံရေး၏ ရှေ့တန်း၌ ရပ်တည်စေရန် တွန်းအားပေး၍ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးရေးအတွက် ပိုမို ကြီးမားသော အကျိုးပြု စွမ်းဆောင်မှုများကို ပေးလိုပါကြောင်း ဖော်ပြခဲ့ပါသည်။
သွန်လွန်၏ ရှီကျင့်ဖိန်အား ပေးပို့သော နှစ်သစ်ကူး ဂုဏ်ပြုစာထဲတွင်လည်း မိမိသည် လာအိုနိုင်ငံ ဌာနအသီးသီးတို့အား တရုတ်နိုင်ငံနှင့် ပူးပေါင်းပြီး နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်ခဲ့သည့် ၆၅ နှစ် ပြည့်မြောက်ခြင်းနှင့် လာအို-တရုတ် ချစ်ကြည်ရေးနှစ် အထိမ်း အမှတ် အခမ်းအနားများကို ကောင်းမွန်စွာ ပြုလုပ်ရန် လမ်းညွှန် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ စံချိန်၊ အရည်အသွေးနှင့် အဆင့်အတန်း မြင့်မားသော လာအို-တရုတ် ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ခြင်းကို ဆောင်ရွက်မည် ဖြစ်ပြီး နှစ်နိုင်ငံ ဆက်ဆံမှုနှင့် နယ်ပယ် အသီးသီးမှာ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်မှုများကို ခေတ်သစ်တွင် အဆင့်ကဏ္ဍသစ်သို့ မြှင့်တင်ရန် တွန်းအားပေးမည် ဖြစ်ကာ လူသားများ ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေး အတွက် စံနမူနာပြု ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရေးသား ဖော်ပြထားပါသည်။