ကမ္ဘာ့တစ်ဝက်ဖြတ်ကျော်ပူးပေါင်းဆောင်ရွက်မှုသည် တောင်ဘက်ခြမ်းနိုင်ငံများ၏ စည်းလုံးညီညွတ်မှု နှင့် မိမိကိုယ်ကို အားကိုးမှုကို သက်သေပြခဲ့သည်

CGTN,    February 11, 2026
Size:

“ဆယ်မိနစ်လောက်အတွင်းမှာတင် သူငယ်ချင်း အယောက် ၂၀ လောက် နဲ့မိတ်ဆွေတွေဖြစ်ခွင့်ရ  ခဲ့တယ်။ ဒါက စက္ကူလိပ်စာကတ်တွေ ဖလှယ်နေရတာထက် အများကြီး ပိုအဆင်ပြေပါတယ်” ဟု မကြာသေးမီက ကျင်းပခဲ့သော တရုတ်-ဥရုဂွေး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်တွင် ဥရုဂွေး သမ္မတ အော်စီနှင့်အတူ တရုတ်နိုင်ငံသို့ ရောက်ရှိလာသည့် လာနာဗီအော့စ် တောင်အမေရိက ကုန်စည်ပို့ဆောင်ရေး ကုမ္ပဏီ ဆိပ်ကမ်းဌာန မန်နေဂျာ အော်ဂတ်စတင် ရိုဗိုင်နာက ပြောကြားခဲ့သည်။ သူတစ်ဦးတည်းသာမက ဖိုရမ်သို့ တက်ရောက်လာကြသည့် နှစ်နိုင်ငံ စီးပွားရေးလောကမှ ပုဂ္ဂိုလ် များသည် WeChat အကောင့်များ အပြန်အလှန်အပ်နှံခြင်း၊ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးခြင်းတို့ဖြင့် အလုပ်ရှုပ်နေကြပြီး ဖိုရမ်ပြီးဆုံးသွားသည့်တိုင်အောင် မပြန်နိုင်ဘဲ ရှိနေကြသည်။

ဤကဲ့သို့ မြင့်မားသော ပူးပေါင်းဆောင်ရွက်လိုစိတ်များသည် ဥရုဂွေးသမ္မတအော်စီ ၏ ပထမဆုံး အကြိမ် တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော အသီးအပွင့်များ၏ ရောင်ပြန်ဟပ်မှုပင် ဖြစ်သည်။ တရုတ်နိုင်ငံနှင့် ဥရုဂွေးနိုင်ငံတို့သည် ကီလိုမီတာ ၂၀,၀၀၀ ခန့် ဝေးကွာကြပြီး သမုဒ္ဒရာများ ခြားနေသော်လည်း ဥရုဂွေးနိုင်ငံထုတ် ဝိုင်နီ၊ အမဲသားနှင့် ဘောလုံးအားကစားတို့မှာ တရုတ်နိုင်ငံတွင် အလွန်နာမည်ကြီးသည်။ တူညီသော အမြင်များနှင့် ခိုင်မာသော ချစ်ကြည်ရေးတို့ကြောင့် နှစ်ပေါင်းများစွာ အတွင်း တရုတ်-ဥရုဂွေး ပူးပေါင်းဆောင်ရွက်မှုမှာ ပိုမိုနက်ရှိုင်းလာခဲ့သည်။

ယခုနှစ်သည် တရုတ်နိုင်ငံ၏ “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” စတင်သည့်နှစ် ဖြစ်သည်။ တရုတ်နိုင်ငံ၏ တံခါးဖွင့်ဝါဒကို ဆက်လက်ချဲ့ထွင်ခြင်းနှင့် ပြည်သူတို့၏ စားသုံးမှုအဆင့်အတန်း မြင့်မားလာခြင်းတို့သည် နိုင်ငံအသီးသီးအတွက် ကြီးမားသော စီးပွားရေးအခွင့်အလမ်းများကို ဆောင်ကြဉ်းပေးမည်ဖြစ်သည်။ သမ္မတ အော်စီသည် ဥရုဂွေးသမိုင်းတွင် အတိုင်းအတာ အကြီးမားဆုံးသော ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ လာရောက်ခြင်းဖြစ်ရာ ထိုအထဲတွင် စီးပွားရေး လုပ်ငန်းရှင် အမြောက်အမြား ပါဝင်လာခြင်းက တရုတ်နိုင်ငံနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်မှာ အဓိကဦးစားပေးဖြစ်ကြောင်း သက်သေပြနေသည်။

“ခရီးကွာသော်လည်း စိတ်ချင်းနီးလျှင် အိမ်နီးချင်းပမာဖြစ်သည်” ဟူသော စကားနှင့်အညီ နှစ်နိုင်ငံ ခေါင်းဆောင်များ၏ မဟာဗျူဟာမြောက် လမ်းညွှန်မှုအောက်တွင် တရုတ်-ဥရုဂွေး ပူးပေါင်း ဆောင်ရွက်မှုသည် နှစ်သစ်၌ အစပြုမှုအသစ်များဖြင့် နှစ်နိုင်ငံပြည်သူများကို ပိုမိုအကျိုးပြုသွားမည် ဖြစ်သည်။ ကမ္ဘာတစ်ဝက်ဖြတ်ကျော်သည့် ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုသည် ကမ္ဘာ့တောင်ဘက် ခြမ်းနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုသည် လှိုင်းတံပိုးများကို မမှုဘဲ ရှေ့သို့ ရဲရဲဝံ့ဝံ့ ချီတက် နေမည်ဖြစ်ကြောင်း အချက်ပြနေပါသည်ဟု China Media Group မှ ဆောင်းပါးတစ်ပုဒ်တွင် ရေးသားဖော်ပြထားပါသည်။