ရှီကျင့်ဖိန်၏ အထူးသံတမန်က ဗီယက်နမ်သို့ ခရီးလှည့်လည်

CGTN,    February 06, 2026
Size:

ဇန်နဝါရီလ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ တရုတ်ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်၏ အထူးသံတမန်ဖြစ်သူ၊ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံတကာဆက်ဆံရေး ဝန်ကြီးဌာနဝန်ကြီး လျူဟိုင်ရှင်းသည် ဗီယက်နမ်ကွန်မြူနစ်ပါတီ ၁၄ ကြိမ်မြောက် ကိုယ်စားလှယ်များ ညီလာခံ အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းနှင့် ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူးအဖြစ် To Lam အား ရွေးကောက်တင်မြှောက် ခံရခြင်းကို ဂုဏ်ပြုရန်အတွက် ဗီယက်နမ်နိုင်ငံ သို့ ခရီးလှည့်လည်ခဲ့သည်။

လျူဟိုင်ရှင်းက အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်မှ To Lam ထံသို့ ဂုဏ်ပြုစာကို ပေးပို့ခဲ့ပြီး ပါတီနှစ်ခု၏ ထိပ်သီးခေါင်းဆောင်များ ရရှိခဲ့သော အရေးကြီးသော သဘောတူညီချက်များကို တိကျစွာ အကောင်အထည်ဖော်ဆောင်ရန်နှင့် တရုတ်-ဗီယက်နမ် ကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်ရေးတွင် ပိုမိုကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုအသစ်ကို ရရှိဖို့ တွန်းအားပေးရန် ဗီယက်နမ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း ဖော်ပြခဲ့သည်။

To Lam က ဗီယက်နမ်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်မှုအဖွဲ့သစ်သည် ပါတီနှစ်ခုနှင့် နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ဆက်လက်နက်ရှိုင်းစေရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။