
အထည်ချုပ်စက်ရုံတစ်ခုတွင် အလုပ်လုပ်နေကြသူများအားတွေ့ရစဉ် (ဓာတ်ပုံ-MOI)
မြန်မာနိုင်ငံသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပထမ ၉ လအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ၌ အမေရိကန်ဒေါ်လာ ၃၃၃ သန်းကျော် ဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ၏ ဇန်နဝါရီ ၂၀ ရက်တွင် ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။
အဆိုပါကာလအတွင်း ကုန်ထုတ်လုပ်မှုကဏ္ဍ၌ အမေရိကန်ဒေါ်လာ သန်း ၁၉၀ ကျော်ဝင်ရောက်ခဲ့ရာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ပြီး ၎င်းပြီးလျှင် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးကဏ္ဍနှင့် လျှပ်စစ်ဓာတ်အားကဏ္ဍတို့က ရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှ အမေရိကန်ဒေါ်လာ သန်း ၆၉၀ ကျော် ရရှိခဲ့ကြောင်း သိရသည်။