လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု စတင်လာခြင်း ၁၀ နှစ်အတွင်း ကွမ်စီးသည် လယ်ယာစိုက်ပျိုးရေးကို အခြေခံ၍ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား စသောနိုင်ငံများနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ သိပ္ပံနည်းပညာ အတူခံစားမှု၊ ဆင်းရဲမှု ပပျောက်ရေးဘက်တွင် ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် အကျိုးတူ လယ်ယာစိုက်မျိုးရေး အတူလက်တွဲတိုးတက်မှုပုံစံကို ထူထောင်လာပြီး ပူးပေါင်းဆောင်ရွက်မှုရလဒ်ကို ဒေသခံများအား ဆက်တိုက်မျှဝေပေးလျက်ရှိသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ကွမ်စီးနှင့် လာအို၏ လယ်ထွက်ပစ္စည်း ရောင်းဝယ်မှုပမာဏသည် လွန်ခဲ့သောနှစ် အလားတူကာလထက် ၄၆.၇၆ ရာခိုင်နှုန်း တိုးမြင့်လာပြီး ဗီယက်နမ်နှင့် လယ်ထွက်ပစ္စည်း ရောင်းဝယ်ရေးပမာဏ ယွမ် ၁၆.၇၉၄ ဘီလျံ ရှိပြီး ၅ နှစ်အတွင်းတွင် ၄၈ ရာခိုင်နှုန်း တိုးမြင့်လာသည်။ ဗီယက်နမ်မှ ထွက်သော ဒူးရင်းသီး၊ နဂါးမောက်သီး စသော အပူပိုင်းသစ်သီးများသည် ကွမ်စီး၏ ချစ်ကြည်ရေးဂိတ်မှတစ်ဆင့် အမြန်ဆုံး တင်သွင်းလာပြီး သစ်သီးများ နေ့ချင်း ခူးပြီး နေ့ချင်း ကွမ်စီး ရောက်အောင် ပို့ဆောင်နိုင်သည်။ ၂၀၂၅ ခုနှစ်တွင် ကွမ်စီနှင့် ကမ္ဘောဒီးယား၏ လယ်ထွက်ပစ္စည်း ရောင်းဝယ်မှုပမာဏသည် လွန်ခဲ့သောနှစ်ထက် ၃ ဆ တိုးမြင့်လာ၍ ကမ္ဘောဒီးယားထွက် ငှက်ပျောသီး၊ တောကြက်မောက်သီး စသောသစ်သီးများသည် နယ်စပ်ဖြတ်ကျော်၍ တရုတ်ပြည်သူများ၏ ထမင်းစားပွဲတွင် အမြဲတွေ့နိုင်သောသစ်သီးများ ဖြစ်လာသည်။


ယခု ကွမ်စီးသည် လန်မဲနိုင်ငံများတွင် လယ်ယာစိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုစံပြဇုန်နှင့် မျိုးစေ့ကောင်း ပျိုးထောင်မှုဇုန်များကို ထူထောင်လာ၍ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံသို့ လယ်ယာပစ္စည်းမျိုးစေ့ အမျိုးပေါင်း ၂၂၀ ကို မျှဝေပေးခဲ့၍ စံပြစိုက်ပျိုးရေးမြေဧရိယာ မို(တရုတ်ဧက) သောင်းချီရှိသည်။