ယူနန်ပြည်နယ် ဂေဟဗေဒနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနသည် မကြာသေးမီက ကျင်းပသည့် "ယူနန် ဂေဟဗေဒနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ဆယ်နှစ်ပြည့် ပြန်လည်သုံးသပ်ခြင်းနှင့် အနာဂတ်သို့ မျှော်မှန်းခြင်း" သတင်းစာရှင်းလင်းပွဲတွင် “ရပ်ဝန်းနှင့် ပိုးလမ်းမ”အရည်အသွေးမြင့် အတူတကွ တည်ဆောက်မှု၊ တောင်အာရှနှင့် အရှေ့တောင်အာရှကို မျက်နှာမူသည့် အကျိုးသက်ရောက်မှုစင်တာအဖြစ် တည်ဆောက်မှုတို့၏ ဦးဆောင်မှုအောက်တွင် ယူနန်ပြည်နယ် ဂေဟဗေဒနှင့် သဘာဝပတ်ဝန်းကျင် ဌာနများသည် လန်ချန်း-မဲခေါင် ဒေသတွင်း သဘာဝပတ်ဝန်းကျင် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် နက်ရှိုင်းစွာ လုပ်ဆောင်လျက်ရှိပြီး ယန္တရားများ တည်ဆောက်ခြင်း၊ လူနေမှုဘဝစီမံကိန်းများ၊ နည်းပညာ သရုပ်ပြခြင်း၊ နိုင်ငံတကာ ဆွေးနွေးခြင်း၊ သဘောတူညီချက်များကို လက်တွေ့အကောင်အထည်ဖော်ခြင်း၊ ဒေသတွင်း ချိတ်ဆက်ခြင်း စသည့်ရှုထောင့်များစွာမှ အားထုတ်ဆောင်ရွက်ခဲ့ရာ ဒေသတွင်း အစိမ်းရောင် ပူးပေါင်းဆောင်ရွက်မှုကွန်ရက်ကို ကျစ်လစ်သိပ်သည်းစွာ ရက်လုပ်လျက်ရှိသည်။ ယင်းမှာ ယူနန်ပြည်နယ်၏ ဒေသတွင်း သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုအတွင်း တာဝန်ယူမှုနှင့် ဉာဏ်ပညာကို ထင်ဟပ်ပြသလျက်ရှိသည်။
လန်ချန်း-မဲခေါင် သဘာဝပတ်ဝန်းကျင် ပူးပေါင်းဆောင်ရွက်မှု စသည့်ဘက်ပေါင်းစုံနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုယန္တရားများကို အားထား၍ ယူနန်ပြည်နယ်သည် လာအို၊ ဗီယက်နမ်၊ မြန်မာ၊ ကမ္ဘောဒီးယား စသည့် အိမ်နီးချင်းနိုင်ငံများ၏ သဘာဝပတ်ဝန်းကျင်ရေးရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှုစာရွက်စာတမ်းကို လက်မှတ်ရေးထိုးခဲ့ရာ အစိမ်းရောင် ကာဗွန် နည်းပါးခြင်း၊ ရာသီဥတု ပြောင်းလဲမှုကို တုံ့ပြန်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းခြင်း စသည့် အဓိကပူးပေါင်းဆောင်ရွက်မှုဦးတည်ချက်များကို ရှင်းလင်းသတ်မှတ်ထားပြီး "ပြည်နယ်အဆင့် ညှိနှိုင်းခြင်း+နယ်စပ်ပြည်နယ်ခွဲနှင့် မြို့များချိတ်ဆက်ခြင်း"၏ ညှိနှိုင်းဆောင်ရွက်မှုဘောင်ကို တည်ဆောက်ခဲ့သည်။ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး "ဂေဟစနစ် သန့်ရှင်းသောသောက်သုံးရေ" ပြည်ပအကူအညီအမှတ်တံဆိပ်ကို ဂရုတစိုက် တည်ဆောက်ခဲ့ရာ ၂၀၂၁ ခုနှစ်မှစတင်၍ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများရှိ ကျောင်းဝင်းအတွင်း တိုက်ရိုက်သောက်သုံးနိုင်သောရေပေးဝေရေးစနစ် ၄ စုံကို အကူအညီပေးတည်ဆောက်ခဲ့သည်။ ၎င်းတို့သည် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူပေါင်း ၉၀၀၀ နီးပါးကို တိုက်ရိုက်အကျိုးဖြစ်ထွန်းစေခဲ့သည်။ နည်းပညာ အကူအညီသရုပ်ပြမှုများဖြင့် "မူဝါဒ၊ စံချိန်စည်းကမ်း ချိတ်ဆက်မှု"ကို မြှင့်တင်သည်။ လွန်ခဲ့သောဆယ်စုနှစ်အတွင်း ယူနန်ပြည်နယ်သည် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနှင့်အတူ နည်းပညာ အကူအညီများနှင့် စွမ်းရည်တည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှုများစွာကို လုပ်ဆောင်ခဲ့သည်။ ကျေးလက်ဒေသ သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှု သရုပ်ပြခြင်း၊ ဓာတုပစ္စည်းများနှင့် ရေရှည် ရေအရည်အသွေး စီမံခန့်ခွဲမှုစွမ်းရည် မြှင့်တင်ရေး စသည့်စီမံကိန်းများကို အကောင်အထည်ဖော်ခြင်းတို့မှတစ်ဆင့် အိမ်နီးချင်းနိုင်ငံများအား ပုံတူကူးနိုင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဖော်ဆောင်ကျင့်သုံးနိုင်သည့် သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှု ဖြေရှင်းနည်းများကို ပံ့ပိုးပေးခဲ့သည်။