ဇန်နဝါရီလ ၈ ရက်နေ့က တရုတ် နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ၂၀၂၆ ခုနှစ် တရုတ်-အာဖရိက လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေးနှစ် ဖွင့်ပွဲအခမ်းအနားသို့ ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ခဲ့သည်။
ယင်း ဂုဏ်ပြု သဝဏ်လွှာတွင် ရှီကျင့်ဖိန်က တရုတ်နှင့် အာဖရိက သံတမန်ဆက်ဆံရေး ထားရှိခဲ့သည့် နှစ် ၇၀ ပြည့် အခါသမယတွင် လူမှုယဉ်ကျေးမှု ကူးလူး ဖလှယ်ရေးနှစ် ကျင်းပခြင်းသည် မိမိနှင့် အာဖရိကခေါင်းဆောင်များ အကြား ရရှိခဲ့သော အရေးကြီး သဘောတူညီချက် ဖြစ်ပြီး သမိုင်းဝင်အစပြုချက်အသစ်တွင် တရုတ်-အာဖရိက ချစ်ကြည်ရေးကို လူအများရဲ့ နှလုံးသားထဲတွင် ပိုမို နက်ရှိုင်းစွာ အမြစ်တွယ် စေသော အရေးကြီး လုပ်ဆောင်ချက်တစ်ခုဖြစ်ကြောင်း ဖော်ပြထားသည်။
ရှီကျင့်ဖိန်က နှစ်ဘက်တို့သည် လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေးနှစ်ဖြင့် ချစ်ကြည်ရေး အစဉ်အလာကို ဆက်လက် တိုးတက်စေရန်၊ ယဉ်ကျေးမှုများအကြား အပြန်အလှန် လေ့လာသင်ယူမှုကို အားကောင်းစေရန်၊ ပြည်သူများအကြား အထူးသဖြင့် လူငယ်များအကြား ကူးလူးဖလှယ်မှုများ ရင်းနှီးစေရန်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးဆိုင်ရာ အတွေ့အကြုံများ ကူးလူးဖလှယ်မှုကို နက်ရှိုင်းစေရန်၊ ခေတ်မီရေး ဖွံ့ဖြိုးတိုးတက်မှုကို ပူးတွဲ တွန်းအားပေးရန်၊ တရုတ်နှင် အာဖရိကမှ ပြည်သူ ၂.၈ ဘီလီယံကျော်တို့အနေနှင့် ကမ္ဘာ့ တောင်ဘက်ခြမ်း နိုင်ငံများ၏ စည်းလုံးညီညွတ်မှုကို တွန်းအားပေးပြီး ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို ဖြေရှင်းရန်၊ လူသားတစ်ရပ်လုံး၏ ဘုံတန်ဖိုးကို မျှဝေဖြန့်ချီရန်နှင့် လူသား ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို တွန်းအားပေးရာတွင် တရုတ်-အာဖရိက၏ အကျိုးဆောင် မှုများကို ပြုလုပ်ရန် မျှော်လင့်ကြောင်း ဖော်ပြခဲ့သည်။