တရုတ်နိုင်ငံ၏ စီးပွားရေး ရေရှည် ကောင်းမွန်တိုးတက်လာသည့် အရှိန်အဟုန် ပြောင်းလဲမှာ မဟုတ်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

CGTN,    January 13, 2026
Size:

ဇန်နဝါရီလ ၇ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က ပုံမှန် သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့သည်။ မော်နင်က ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်တွင် တရုတ် စီးပွားရေးသည် အန္တရာယ်များနှင့် စိန်ခေါ်မှုများ အမျိုးမျိုးကို ထိရောက်စွာ ရင်ဆိုင် ဖြေရှင်း ခဲ့ပြီး အဆင့်မြင့် တံခါးဖွင့်ရေးကို ဆက်တိုက် မြှင့်တင်ကာ နိုင်ငံနှင့် ဒေသပေါင်း ၁၅၀ ကျော်၏ အဓိက ကုန်သွယ်ဘက် ဖြစ်လာနေပြီဖြစ်ကြောင်း၊ ကမ္ဘာ့ စီးပွားရေး တိုးတက်မှု အတွက် ၃၀ ရာခိုင် နှုန်းခန့် အကျိုးဆောင်ခဲ့ပြီး ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုအတွက် တွန်းအားသစ် ထည့်သွင်း ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

မော်နင်က ယခုနှစ်သည်  ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း၏ အစပိုင်းဖြစ်ကြောင်း၊  တရုတ်နိုင်ငံ၏ စီးပွားရေး ရေရှည် ကောင်းမွန်တိုးတက်လာသည့် အခြေခံ အခြေအနေနှင့် အရှိန်အဟုန်  ပြောင်း လဲမှာ မဟုတ်ဘဲ အားသာချက်များ ပိုမိုထင်ရှားလာမည်ဖြစ်ကြောင်း၊ တရုတ် နိုင်ငံ သည် တံခါးဖွင့်ထားသော သဘောထားဖြင့် နိုင်ငံ အသီးသီးနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှုနှင့် ချမ်းသာ ဝပြောမှု တို့ကို ဆက်လက် မျှဝေသွားမည်ဖြစ်ကြောင်း၊ တရုတ်အသွင်ပုံစံ ခေတ်မီ ရေး၏ ခရီးစဉ်အသစ်မှ တရုတ်နိုင်ငံနှင့် ကမ္ဘာကြီးတို့ ပူးပေါင်းပြီး အနာဂတ်ကို လက်တွဲ ဖန်တီး တည်ဆောက်ရေး အတွက် တွန်းအားသစ်များ ထည့်သွင်းပေးပြီး အခွင့် အလမ်း သစ်များကို ဖန်တီးပေးမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။