၂၀၂၅ခုနှစ်က တရုတ်သွင်းကုန်ပို့ကုန်ဘဏ်သည် နိုင်ငံခြားကုန်သွယ်ရေးနယ်ပယ်၌ ချေးငွေ အသစ် တရုတ်ငွေယွမ် ဘီလီယံ ၁၂၀၀ကျော် ထုတ်ပေးခဲ့ပြီး နိုင်ငံခြားကုန်သွယ်ရေး အရည် အသွေးမြှင့်တင်ရေးနှင့် အရေအတွက်တည်ငြိမ်ရေးကို အားသွန်ခွန်စိုက် ပံ့ပိုးပေးခဲ့ ကြောင်း၊ တစ်ချိန်တည်းတွင်ပင် ထုတ်လုပ်ရေးလုပ်ငန်းဆိုင်ရာချေးငွေအသစ် တရုတ်ငွေယွမ် ဘီလီယံ ၈၆၀ နီးပါးကို ထုတ်ပေးခဲ့ပြီး သင်္ဘောတည်ဆောက်ရေးနှင့် ရေကြောင်းအင်ဂျင်နီယာ စက်ကိရိယာများ၊ ရထားပို့ဆောင်ရေးစက်ပစ္စည်းများ၊ ကုန်ကြမ်းပစ္စည်းအသစ်များ၊ လူသားပုံစံတူ စက်ရုပ်များ စသော အဆင့်မြင့်ထုတ်လုပ်ရေးလုပ်ငန်းများကို အဓိကပံ့ပိုးပေးခဲ့ကြောင်း China Media Groupမှ သတင်း အရ သိရပါသည်။