ဒေသစံတော်ချိန် ယခုလ ၂၁ ရက်နေ့က ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့သည် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် မလေးရှားနိုင်ငံတွင် ကျင်းပမည့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အထူးအစည်းအဝေးတွင် ပါဝင်မည်ဖြစ်ကြောင်း ကြေညာခဲ့ကြသည်။ ယခု အကြိမ်အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးကို အာဆီယံအလှည့်ကျ သဘာပတိ နိုင်ငံဖြစ်သော မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့၏ အခြေအနေများကို အဓိကထားဆွေးနွေးမည်ဖြစ်ပြီး အခြေ အနေ တင်းမာမှု လျော့ပါးစေရန်အတွက် ယခင်က သုံးနိုင်ငံ ခေါင်းဆောင်များမှ ချမှတ် ခဲ့ သော ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်သွားမည်ဖြစ်သည်ဟု သတင်းအရ သိရသည်။