တရုတ်၊ကမ္ဘောဒီးယား၊ထိုင်း နိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံပွဲကို အောင်မြင်စွာ ကျင်းပခဲ့ပြီး ကြေညာချက် ထုတ်ပြန်

CGTN,    January 05, 2026
Size:

    ဒီဇင်ဘာလ ၂၉ရက်နေ့က တရုတ်၊ကမ္ဘောဒီးယား၊ထိုင်း နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံပွဲကို Yuxiမြို့၌ အောင်မြင်စွာ ကျင်းပခဲ့ပြီးနောက် ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။ သုံးပွင့်ဆိုင်တွေ့ဆုံပွဲပြီးနောက် ကမ္ဘောဒီးယားနှင့်ထိုင်းတို့သည် ကူးလူးဖလှယ်မှုကို တစ်ဆင့်တိုး အားဖြည့်ပြီး အပြန်အလှန်နားလည်မှု  တိုးမြှင့်မည်ဖြစ်ကြောင်း၊ အပစ် အခတ် ရပ်စဲရေး အခြေအနေကို ခိုင်မာစေပြီး ကူးလူးဆက်ဆံမှုကို ပုံမှန်ပြန်လည် ဖြစ်လာစေကာ အပြန်အလှန် နိုင်ငံရေး ယုံကြည်မှုကို ပြန်လည်ထူထောင်သွားမည်ဖြစ်ကြောင်း၊ ဆက်ဆံရေး အခြေအနေ ကောင်းမွန်လာစေအောင် အကောင် အထည်ဖော်ပြီး ဒေသတွင်းငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် တစ်ဆင့်ပြီး တစ်ဆင့် လုပ်ဆောင်မည်ဖြစ်ကြောင်း   နယ်ပယ်၅ခုမှ  ရှင်းလင်းပြတ်သားစွာ ဖော်ပြထားကြောင်း သိရှိရပါသည်။