Dong Junသည် မလေးရှားနိုင်ငံ၌ ၁၂ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ တိုးချဲ့အစည်းအဝေးသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြား

CGTN,    November 03, 2025
Size:

၁၂ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ တိုးချဲ့အစည်းအဝေးကို နိုဝင်ဘာလ ၁ရက်နေ့ နံနက်ပိုင်းက မလေးရှားနိုင်ငံ ကွာလာလန်ပူမြို့၌ ကျင်းပခဲ့ကြောင်း၊ တရုတ်နိုင်ငံတော်ကာကွယ်ရေးဝန်ကြီး Dong Junသည် အစည်းအဝေးသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Dong Junက မိမိတို့အနေနှင့် ဒေသတွင်းအဖွဲ့အစည်းပုံစံတွင် အာဆီယံအဖွဲ့၏ ဗဟို အဆင့်နေရာကို ပြတ်သားစွာ ထောက်ခံကြောင်း၊ ဒေသတွင်းနိုင်ငံများနှင့်အတူ ဒေသတွင်း ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်ရေး တာဝန်ကို တက်ကြွစွာ ထမ်းဆောင်ပြီး တံခါးဖွင့်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အရည်အချင်းကို မြှင့်တင်ကာ ပိုမိုရင်းနှီးသော တရုတ်-အာဆီယံ ကံကြမ္မာတူအသိုက်အဝန်းကို ဖန်တီး၍ နိုင်ငံတကာနှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အတူကာကွယ်ရန် ကြိုပမ်းဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါသည်။