ပီကင်း ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို နိုင်ငံများစွာမှ ပင်မမီဒီယာများက ချီးကျူး

CRI,    February 06, 2022
Size:

ဖေဖော်ဝါရီလ ၄ ရက်နေ့က ၂၀၂၂ ခုနှစ် ဆောင်းရာသီ အိုလံပစ် အားကစား ပြိုင်ပွဲကို ပီကင်း အမျိုးသား အားကစားရုံတွင် ဖွင့်လှစ်ခဲ့သည်။ နိုင်ငံများစွာမှ ပင်မ မီဒီယာများသည် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား Live studio ကတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ခဲ့ကြပါသည်။

မြန်မာနိုင်ငံမှ နာမည်ကြီး သတင်း မီဒီယာ ပုဂ္ဂိုလ်၊ ရန်ကုန် Media Group ဥက္ကဋ္ဌ ဦးကိုကိုက ပီကင်း ဆောင်းရာသီ အိုလံပစ် အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနား သတင်းထုတ်လွှင့်မှုကို အလွန်အလေးထားကြောင်း၊ ပီကင်း ဆောင်းရာသီ အိုလံပစ် အားကစားပြိုင်ပွဲသည် အစကတည်းကကာဗွန်နည်းသော ပတ်ဝန်းကျင်ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ အယူအဆများ ပေါ်လွင်လာပြီး၊ တရုတ်နိုင်ငံ၏ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခြင်းကိုလည်း ပြသကြောင်း ပြောကြားခဲ့သည်။