တရုတ်-မြန်မာ နယ်စပ်ဒေသရှိ မန်စီမြို့တွင် မြို့နေပြည်သူများနှင့် ခရီးသွားများအား သစ်သီးများ အခမဲ့ ပေးဝေခဲ့

Yunnan Gateway,    August 01, 2023
Size:

ဇူလိုင်လ ၉ ရက်နေ့တွင် တရုတ်-မြန်မာ နယ်စပ်ဒေသရှိ မန်စီမြို့၌ မြို့နေပြည်သူများနှင့် ခရီးသွားများသည် မြို့ရင်ပြင်သို့ စောစီးစွာ လာရောက်ကြပြီး မကြာခင်မှာပင် စည်းစနစ်တကျ တန်းစီ၍ သစ်သီးများ အခမဲ့ လက်ခံရယူကြလေသည်။

အဆိုပါရင်ပြင်၌ ဓာတ်ပုံရိုက်ကူးသည့် နေရာလည်း ခင်းကျင်းထားပါသည်။ သစ်သီးများ ရရှိပြီးနောက် မြို့နေပြည်သူများနှင့် ခရီးသွားအများအပြားသည် အမှတ်တရဓာတ်ပုံများရိုက်ကူးကြကာ ၎င်းတို့၏ WeChat Momentတွင် မျှဝေခဲ့ကြသည်။

“မီဒီယာပလက်ဖောင်းမှာ တင်ထားတဲ့ စီးကရက်တိုတွေ ကောက်ပြီး သစ်သီးတွေနဲ့ လဲလှယ်လို့ရတာကို သိရတော့ ကလေးခေါ်ပြီး စောစောစီးစီး လမ်းဘေးမှာ စီးကရက်တိုသွားကောက်ခဲ့တယ်။ ဒီပွဲက အလွန်အဓိပ္ပာယ်ရှိပြီး နောက်နှစ်မှာလည်း ဆက်ပြီးပါဝင်သွားမှာပါ”ဟု ဒေသခံ မစ္စလီက ဝမ်းသာအားရ ပြောပါတယ်။ (ဆောင်းပါးအရင်းအမြစ် -တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီပြန်ကြားရေးဌာန။ ဘာသာပြန် --Yunnan gateway)