တရုတ်နိုင်ငံမှ ကိုယ်တိုင်သုတေသနပြုပြီး၊ တီထွင်ထားသော အသိဉာဏ်ရှိသုတေသနနှင့် လေ့ကျင့်ရေး နှစ်မျိုးသုံး သင်္ဘောကို Dalian မြို့တွင် လွှဲပြောင်းပေးအပ်

CRI,    July 09, 2024
Size:

ယခုလ ၈ ရက်နေ့က Dalian Maritime University  အသိဉာဏ်ရှိသုတေသနနှင့် လေ့ကျင့်ရေး နှစ်မျိုးသုံး သင်္ဘောကို Dalian COSCO Shipping Heavy Industry Co., Ltd တွင် အပြီးဆောက်လုပ်ပြီး လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ယင်းသင်္ဘောသည် တရုတ်နိုင်ငံမှ ကိုယ်တိုင် သုတေသန ဖော်ထုတ်ပြီး၊ ဆောက်လုပ်ထားသော အဝေးထိန်းစနစ်၊ ဉာဏ်ရည် ထက်မြက်သော လမ်းကြောင်းပြစနစ်၊ သင်ကြားပို့ချရေးနှင့် လေ့ကျင့်ရေးစသည့် လုပ်ဆောင်ရည်များ ပေါင်းစပ်ထားသည့် သင်္ဘောအမျိုးအစားသစ်ဖြစ်သည်ဟု သတင်းအရ သိရပါသည်။