မကြာသေးမီက တရုတ်-မြန်မာ နိုင်ငံတကာ ရထားလမ်းကြောင်း၏ အရေးကြီးအစိတ်အပိုင်းဖြစ်သည့် ယူနန်ပြည်နယ် တာ့လီ-ရွှေလီ ရထားလမ်းပေါ်ရှိ ကောင်းလီကုန့်တောင်ဥမင်လိုဏ်ခေါင်း တည်ဆောက်မှုသည် ကြီးမားသော တိုးတက်မှု ရရှိခဲ့သည်။
ကောင်းလီကုန့်တောင်ဥမင်လိုဏ်ခေါင်းသည် စုစုပေါင်းအရှည် ၃၄.၅ ကီလိုမီတာရှိပြီး တရုတ်နိုင်ငံ၏ ပထမဆုံး ဟန်တွမ့်တောင်တန်းအား ဖြတ်ကျော်ဖောက်လုပ်ထားသော အထူးရှည်လျားသည့် ရထားလမ်းဥမင်လိုဏ်ခေါင်း ဖြစ်သည်။ တည်ဆောက်ရေးနေရာတွင် မြေလွှာအမျိုးအစား ၁၇ မျိုး၊ မြေထုပြတ်ရွေ့ကြော ၁၉ ခုပါဝင်သည့်အပြင် အမှတ် ၁ ဒေါင်လိုက်တွင်းသည် အနက် ၇၆၅ မီတာအထိရှိကာ တရုတ်နိုင်ငံ၏ အနက်ဆုံးသော ရထားလမ်းဥမင်လိုဏ်ခေါင်း ဒေါင်လိုက်တွင်းဖြစ်သည်။ ယခုအကြိမ် အောင်မြင်စွာ ဖောက်လုပ်ချိတ်ဆက်နိုင်မှုသည် ဘက်စုံစနစ်ကျသော တည်ဆောက်ရေးကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး ပင်မလိုဏ်ခေါင်း လုပ်ငန်းခွင်မျက်နှာပြင် ၄ ခုကို အသစ်ထပ်မံ ထည့်သွင်းနိုင်ခဲ့သည်။
တာ့လီ-ရွှေလီ ရထားလမ်းသည် စုစုပေါင်းအရှည် ၃၃၀ ကီလိုမီတာရှိပြီး တည်ဆောက်ပြီးစီးပါက တာ့လီမြို့မှ ရွှေလီမြို့သို့ ခရီးသွားရန်ကြာချိန်ကို ၆ နာရီမှ ၃ နာရီခန့်အထိ လျှော့ချနိုင်မည်ဖြစ်ကာ မြန်မာနိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသော ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲသည် ရထားလမ်းမရှိခြင်းသမိုင်းကို အဆုံးသတ်နိုင်တော့မည်ဖြစ်သည်။