မြန်မာနိုင်ငံတွင် တရုတ်အစားအစာ ချက်ပြုတ်နည်းသင်တန်းများ နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီး၌ ဖွင့်လှစ်လျက်ရှိ

Xinhua,    July 06, 2026
Size:

မြန်မာနိုင်ငံ နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီး၌ ဇွန် ၂၉ ရက်က စတင်ဖွင့်လှစ်လိုက်သော တရုတ်အစားအစာ ချက်ပြုတ်နည်းသင်တန်းတွင် ချက်ပြုတ်ပြင်ဆင်နေပုံကို တွေ့ရစဉ်

မြန်မာနိုင်ငံတွင် တရုတ်အစားအစာ ချက်ပြုတ်နည်းသင်တန်းများကို နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီး၌ ဇွန် ၂၉ ရက်က စတင်ဖွင့်လှစ်လိုက်ကြောင်း ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဇွန် ၃၀ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။

ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက စီစဉ်ကျင်းပပြီး သီတင်းပတ် တစ်ပတ်ကြာမြင့်မည့် အဆိုပါ သင်တန်းများက မြန်မာနိုင်ငံရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် လူ့အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု အားကောင်းစေရန်၊ အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်း မြှင့်တင်ရန်နှင့် နိုင်ငံတကာခရီးသွားဧည့်သည်များအတွက် ဝန်ဆောင်မှုလုပ်ငန်း တိုးမြှင့်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ဆင်ဟွာကို ပြောသည်။

နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးတွင် ပြုလုပ်သည့် သင်တန်းများကို သင်တန်းသား/သင်တန်းသူ ၁၂၀ ဦး တက်ရောက်လျက်ရှိကြောင်း ၎င်းတာဝန်ရှိသူက ဆိုသည်။

ထို့ပြင် အလားတူသင်တန်းများကိုလည်း ရန်ကုန်၊ တောင်ကြီးနှင့် ပြင်ဦးလွင် စသည့် အခြား ခရီးသွားလုပ်ငန်း အဓိကနေရာများ၌လည်း ဇူလိုင်လအတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။