
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia နှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နှင့် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းတို့ တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ- Chinese Embassy in Myanmar)
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia သည် နေပြည်တော်၌ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နှင့် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းနှင့် ဇွန် ၈ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ တွေ့ဆုံမှုတွင် နှစ်ဖက်လုံးမှ တရုတ်-မြန်မာ လျှပ်စစ်စွမ်းအင်နှင့် စီးပွားရေး၊ ကုန်သွယ်ရောင်းဝယ်ရေး ပူးပေါင်းဆောင်ရွက်မှု အစရှိသဖြင့် ရင်းနှီးနက်ရှိုင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။