မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တရုတ်-မြန်မာ ပြည်သူများ စိတ်နှလုံးချင်း ဆက်နွှယ်မှုဆိုင်ရာ ဆွေးနွေးပွဲနှင့် ၂၀၂၆ ခုနှစ် ဒုတိယသုံးလပတ် တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲ အခမ်းအနား ကျင်းပ

Xinhua,    May 29, 2026
Size:

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တရုတ်-မြန်မာ ပြည်သူများ စိတ်နှလုံးချင်း ဆက်နွှယ်မှုဆိုင်ရာ ဆွေးနွေးပွဲနှင့် ၂၀၂၆ ခုနှစ် ဒုတိယသုံးလပတ် တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲ အခမ်းအနားကို မေ ၂၆ ရက်က ရန်ကုန်မြို့တွင် ကျင်းပစဉ်


မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တရုတ်-မြန်မာ ပြည်သူများ စိတ်နှလုံးချင်း ဆက်နွှယ်မှုဆိုင်ရာ ဆွေးနွေးပွဲနှင့် ၂၀၂၆ ခုနှစ် ဒုတိယသုံးလပတ် တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲ အခမ်းအနားကို မေ ၂၆ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ အခမ်းအနားတွင် တရုတ်နိုင်ငံ သံအမတ်ကြီး Ms. Ma Jia က တရုတ်-မြန်မာ ပေါက်ဖော်ချစ်ကြည်ရေးမှာ နက်ရှိုင်းကြောင်း၊ နှစ်ပေါင်းထောင်ချီသော လူသားချင်းစာနာထောက်ထားမှုများနှင့် ယဉ်ကျေးမှုဆိုင်ရာ ဖလှယ်မှုများမှာ စုစည်းနက်ရှိုင်းလာခဲ့ကြောင်း၊ နှစ်နိုင်ငံအနေဖြင့် အမြဲတစေ အချင်းချင်း ရိုင်းပင်းကူညီကာ အခက်အခဲများကို အတူတကွရင်ဆိုင်ခဲ့ကြကြောင်း ပြောကြားသည်။

ယင်း တွေ့ဆုံဆွေးနွေးမှုများကို တိုးမြှင့်ဆောင်ရွက်သွားရမည်ဖြစ်ပြီး၊ တရုတ်-မြန်မာ နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှု ဇာတ်ကြောင်းများကို ပြောကြားသွားရမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံပြည်သူများအကြား နားလည်မှုလွဲမှားခြင်းနှင့် အဆင်မ‌ပြေမှုများကို ဖယ်ရှားပေးနိုင်မည့် ချစ်ကြည်ရင်းနှီးကာ နားလည်မှုကို တိုးမြှင့်ပေးမည့် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြန်လည်ဆန်းသစ်မှုများ အတူတကွဖော်ဆောင်ပေးနိုင်မည့် ပြည်သူများ စိတ်နှလုံးချင်း ဆက်နွှယ်မှုများ တိုးမြှင့်ပေးနိုင်မည့် ပေါင်းကူးတံတား အနှောင်အဖွဲ့ကို တည်ဆောက်သွားရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အခမ်းအနားမှာ တက်ကြွမှု အငွေ့အသက်များ လွှမ်းမိုးနေခဲ့ပြီး တက်ရောက်လာကြသော ဧည့်သည်တော်များဟာ အယူအဆ ကွာခြားချက်များကို လျှော့ချကာ၊ ဓမ္မဓိဋ္ဌာန်ကျကျ မျှတစွာ သတင်းထုတ်ပြန်ရေး၊ သတင်းအချက်အလက်အမှားများ တိုက်ဖျက်ရေး၊ လူငယ်ချင်း နှီးနှောဖလှယ်ခြင်းများ အားကောင်းလာစေရေး၊ လုပ်ငန်းဆိုင်ရာ လူမှုစီးပွားတာဝန်သိမှု အစရှိသဖြင့် နက်နက်ရှိုင်းရှိုင်း ဆွေးနွေးခဲ့ကြကာ နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ပြည်သူ့အခြေခံအုတ်မြစ် ခိုင်မာလာစေရေးတို့အတွက် အပြုသဘောဆောင်သည့် အကြံပြုချက်များကို တက်ကြွပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Ms. Ma Jia ၊ မြန်မာနိုင်ငံ ပြည်သူ့လွှတ်တော်အဖွဲ့ဝင် ဦးအေးချမ်းနှင့် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ Bank of China (ဟောင်ကောင်) ရန်ကုန်ဘဏ်ခွဲမှ CEO Mr. Chen Tao ၊ CITIC ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ Mr. Piao Bo ၊ တရုတ်-မြန်မာ မီဒီယာ ၄၀ ကျော်နှင့် ပညာရေးလောက၊ စီးပွားရေးလောကမှ ကိုယ်စားလှယ်များ ၁၆၀ ဦးခန့်တက်ရောက်ခဲ့ပြီး သံမှူးကြီး Dr. Zheng Zhihong မှ သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။