မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ၂၀၂၆ “မင်္ဂလာအဖြာဖြာဆုံစည်းရာ လက်ဖက်ရည်ကြမ်းအနုပညာ” တရုတ်-မြန်မာလက်ဖက်ယဉ်ကျေးမှုဖလှယ်ပွဲ ကျင်းပ

Xinhua,    May 27, 2026
Size:

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ၂၀၂၆ ခုနှစ်၊ မေလ ၂၂ ရက်က ကျင်းပပြုလုပ်သည့် ၂၀၂၆ “မင်္ဂလာအဖြာဖြာဆုံစည်းရာ လက်ဖက်ရည်ကြမ်းအနုပညာ” တရုတ်-မြန်မာလက်ဖက်ယဉ်ကျေးမှုဖလှယ်ပွဲ ကျင်းပသည့် မြင်ကွင်းများကို တွေ့ရစဉ် 

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် မေ ၂၁ ရက်က ၂၀၂၆ “မင်္ဂလာအဖြာဖြာဆုံစည်းရာ လက်ဖက်ရည်ကြမ်းအနုပညာ” တရုတ်-မြန်မာလက်ဖက်ယဉ်ကျေးမှုဖလှယ်ပွဲ ကျင်းပခဲ့သည်။
အဆိုပါ ပွဲအခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် မြန်မာနိုင်ငံ လက်ဖက်အသင်း ( MTA) တို့က အဓိကကြီးမှူးကျင်းပပြီး၊ မြန်မာနိုင်ငံ အမျိုးသားပြတိုက် (ရန်ကုန်)၊ China Media Group (CMG)
အန်ဟွေး ( Anhui) ကုန်သည်အသင်း၊ မြန်မာ (တရုတ်) ယူနန်ကုန်သည်လုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံ ဘော် ဝမ် ကျောင်းနှင့် GESC တရုတ်စာသင်တန်းကျောင်းတို့က ထောက်ပံ့အားပေးပူးပေါင်း ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ တရုတ်-မြန်မာ နှစ်နိုင်ငံအစိုးရဌာန၊ လုပ်ငန်းအသင်းအဖွဲ့များ၊ စာသင်ကျောင်းများ၊ စီးပွားရေးလုင်ငန်း ကုမ္ပဏီများနှင့် မီဒီယာကဏ္ဍအသီးသီးမှ ကိုယ်စားလှယ် ၃၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး Li Qianguo က လက်ဖက်သည် လူသားနှင့် သဘာဝ၊ သမိုင်းနှင့် လက်တွေ့ဘဝ၊ ထို့ပြင် တရုတ်နိုင်ငံနှင့် ကမ္ဘာကြီးကိုပါ ဆက်သွယ်ပေးထားကြောင်း ထည့်သွင်းပြောကြားခဲ့ပြီး လက်ဖက်သည် ရှေးဟောင်းတရုတ်ယဉ်ကျေးမှုကို ကိုယ်စားပြုရုံသာမက ကွဲပြားခြားနားသော ယဉ်ကျေးမှုများအကြား သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်မှုနှင့် အပြန်အလှန် တန်ဖိုးထားလေးစားမှုတို့ကို သက်သေထူနေခြင်းလည်း ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။
တရုတ်နိုင်ငံ၏ လက်ဖက်လုပ်ငန်းသည် ရိုးရာနည်းပညာများကို လက်ဆင့်ကမ်းထိန်းသိမ်းရင်း စဉ်ဆက်မပြတ် တိုးတက်လျက်ရှိပြီး အရည်အသွေးပိုင်းကိုလည်း အမြဲမပြတ် မြှင့်တင်ကာ အခြားကဏ္ဍများနှင့်ပါ ပေါင်းစပ်လုပ်ကိုင်လျက်ရှိကြောင်း Li က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင်လည်း နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် လက်ဖက်ရည်ယဉ်ကျေးမှု ရိုးရာအစဉ်အလာ ရှိနေသည့်အတွက် ယခုပွဲသည် နှစ်နိုင်ငံအကြား လက်ဖက်လုပ်ငန်းနှင့် ဆက်စပ်နယ်ပယ်များတွင် အပြန်အလှန် ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်လာလိမ့်မည်ဟု ယုံကြည်ကြောင်း Li က ပြောကြားခဲ့သည်။
လက်ဖက်ရည်ယဉ်ကျေးမှုသည် ရှေးယခင်ကတည်းက နှစ်နိုင်ငံပြည်သူများ၏ လူမှုဘဝနှင့် ရိုးရာဓလေ့ထုံးတမ်းများအတွင်းသို့ နက်ရှိုင်းစွာ စီးဝင်ပေါင်းစပ်နေခဲ့ပြီး ဖြစ်ကြောင်း အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) မှ ပါမောက္ခချုပ် ဒေါ်ကေသီထွေးက ပြောကြးခဲ့သည်။

ယခုပွဲသည် ကမ္ဘာကြီးအနေဖြင့် မြန်မာ့လက်ဖက်ရည်ယဉ်ကျေးမှုကို ပိုမိုနားလည်သဘောပေါက်စေရန် ကူညီပေးရုံသာမက နှစ်နိုင်ငံအကြား အပြန်အလှန် နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးစွာ ကူးလူးဆက်ဆံမှုများကိုလည်း ပိုမိုတိုးမြှင့်ပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ဒေါ်ကေသီထွေးက ထည့်သွင်း ပြောကြားခဲ့သည်။

အခမ်းအနားတွင် တက်ရောက်လာကြသော ဧည့်သည်တော်များသည် လက်ဖက် ယဉ်ကျေးမှုဆိုင်ရာရိုးရာဓလေ့ထုံးတမ်းများ၊ လက်ဖက်ကဏ္ဍလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ စားသုံးမှုပုံစံနှင့် ကျန်းမာရေးစသည့် ခေါင်းစဉ်များဖြင့် နက်ရှိုင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ၂၀၂၆ ခုနှစ်၊ မေလ ၂၂ ရက်က ကျင်းပပြုလုပ်သည့် ၂၀၂၆ “မင်္ဂလာအဖြာဖြာဆုံစည်းရာ လက်ဖက်ရည်ကြမ်းအနုပညာ” တရုတ်-မြန်မာလက်ဖက်ယဉ်ကျေးမှုဖလှယ်ပွဲ ကျင်းပသည့် မြင်ကွင်းများကို တွေ့ရစဉ်

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ၂၀၂၆ ခုနှစ်၊ မေလ ၂၂ ရက်က ကျင်းပပြုလုပ်သည့် ၂၀၂၆ “မင်္ဂလာအဖြာဖြာဆုံစည်းရာ လက်ဖက်ရည်ကြမ်းအနုပညာ” တရုတ်-မြန်မာလက်ဖက်ယဉ်ကျေးမှုဖလှယ်ပွဲ ကျင်းပသည့် မြင်ကွင်းများကို တွေ့ရစဉ်