၂၀၂၆ ခုနှစ် တရုတ်-မြန်မာ သိုင်းပညာဖလှယ်ရေး ဆွေးနွေးပွဲကို ရန်ကုန်မြို့၌ ကျင်းပ

CGTN,    April 10, 2026
Size:

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၊ မြန်မာနိုင်ငံ ၀ူရှူးအားကစားအဖွဲ့ချုပ်၊ China Media Groupတို့ ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ် တရုတ်-မြန်မာ သိုင်းပညာဖလှယ်ရေး ဆွေးနွေးပွဲကို မတ်လ ၃၁ရက်နေ့က ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ နှစ်နိုင်ငံ ယဉ်ကျေးမှုနှင့် အားကစား၊ ပညာရေး၊ ဗုဒ္ဓဘာသာ၊ စီးပွားရေးလုပ်ငန်း စသည့်နယ်ပယ်အသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် “အပြည်ပြည်ဆိုင်ရာ ထိုက်ကျိသိုင်းနေ့” (International Taijiquan Day) မိတ်ဆက်ဗီဒီယို၊ China Media Group ၏ တရုတ်နှစ်သစ်ကူး ညချမ်းပဒေသာဖျော်ဖြေပွဲတွင် တင်ဆက်ခဲ့သော “ကွန်ဖူးစက်ရုပ်” အစီအစဉ် တို့ကို ပြသခဲ့ပြီး ဟိုနန်ပြည်နယ် Shaolin Chanyi Kung Fu Academy ၊  YuDe Education Center နှင့် Myanmar International Education Center (MIEC)တို့မှ နည်းပြသုံးဦးက ရှောင်လင်ကွန်ဖူး Yi Jin Jing ၊ Bajiquan နှင့် ဝူရှူးသိုင်း အခြေခံပညာရပ်များကို သရုပ်ဖော်ပြသခဲ့ရာ တက်ရောက်လာသူများ၏ တစ်ခဲနက် အားပေးမှုကို ရရှိခဲ့သည်။