ဧပြီလ ၃ ရက်နေ့က တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူသည် ပုံမှန် သတင်းစာရှင်းလင်းပွဲကို ဦးစီးကျင်းပခဲ့ပါသည်။ မြန်မာနိုင်ငံ၏ တတိယအကြိမ် ပြည် ထောင်စု လွှတ်တော်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သမ္မတသစ်အဖြစ် ရွေးချယ် တင်မြှောက်ခြင်းနှင့် ပတ် သက် ပြီး သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြား ရာတွင် မော်နင်က မစ္စတာ မင်းအောင်လှိုင်သည် မြန်မာ သမ္မတ အဖြစ် ရွေးချယ် တင်မြှောက် ခံရခြင်းကို တရုတ် နိုင်ငံက ဂုဏ်ပြု ထောမနာ ပြုပါကြောင်း၊ တရုတ်နှင့် မြန်မာတို့သည် ရိုးရာ အိမ်နီးချင်းကောင်းနှင့် ကံကြမ္မာတူ အသိုက် အဝန်း ဖြစ်ပြီး တရုတ်နိုင်ငံ၏ မြန်မာ နိုင်ငံနှင့် ချစ်ကြည်ရေးမူဝါဒသည် မြန်မာပြည်သူ တစ်ရပ်လုံးအား မျက်နှာ မူခြင်း ဖြစ်ကြောင်း၊ မြန်မာ အစိုးရသစ်က နိုင်ငံတော် ငြိမ်းချမ်း တည်ငြိမ်ရေးကို ထိန်းသိမ်းခြင်းနှင့် ဖွံ့ဖြိုး တိုးတက်မှုများ ဖော်ဆောင်ခြင်းကို ထောက်ခံပြီး မြန်မာနိုင်ငံနှင့်အတူ ကမ္ဘာလုံး ဆိုင်ရာ အဆိုပြုချက် ၄ ရပ်ကို ကောင်းမွန်စွာ ဖော်ဆောင်ပြီး အရည်အသွေး မြင့်မားသော Belt and Road အတူ တည်ဆောက်ခြင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုကို တက်ကြွစွာ တွန်း အား ပေး၍ တရုတ်-မြန်မာ အေးတူ ပူအမျှ ကံကြမ္မာတူ အသိုက်အဝန်း တည် ဆောက် ရေးတွင် ပိုမိုများပြားသော ကောင်းကျိုးရလဒ်များ ရရှိစေဖို့ တွန်း အားပေးပြီး နှစ်နိုင်ငံ ပြည်သူများအတွက် သုခ ချမ်းသာများ ဆောင်ကြဉ်းပေးရန် ဆန္ဒ ရှိကြောင်း ပြောကြားခဲ့ပါသည်။