မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ၂၀၂၆ ခုနှစ် " Happy Spring Festival Carnival" ကျင်းပ

CGTN,    February 14, 2026
Size:

ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၆ ရက်နေ့အထိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် ရန်ကုန်မြို့ရှိ အမျိုးသားဇာတ်ရုံ၌ ၂၀၂၆ ခုနှစ် " Happy Spring Festival Carnival" ကို ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Ms. Ma Jia၊ မြန်မာနိုင်ငံတော် ဝန်ကြီးချုပ် ဦးညိုစော၊ နိုင်ငံခြားသံတမန်များ၊ မြန်မာနိုင်ငံရောက် တရုတ်နွယ်ဖွားများ၊ တရုတ်လုပ်ငန်းရှင်များ၊ ပညာတော်သင်ကျောင်းသားများနှင့် နယ်ပယ်အသီးသီးမှ မိတ်ဆွေများ စုစုပေါင်း နှစ်ထောင်ကျော် တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် သံအမတ်ကြီး Ms. Ma Jia က   နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘာကြီးအတွက် ပိုမိုတည်ငြိမ်မှုနှင့် သေချာမှုများကို ဆောင်ကြဉ်း ပေးလျက်ရှိကြောင်း ၊တရုတ်-မြန်မာ ဆက်ဆံရေးသည် တည်ငြိမ်စွာ တိုးတက်နေပြီး နှစ်နိုင်ငံ ပြည်သူများအကြား ရင်းနှီးချစ်ကြည်မှု ရှိကြောင်း၊ မြင်းနှစ်တွင် နှစ်နိုင်ငံသည် လုပ်ရိုး လုပ်စဉ်ဟောင်းများကို ကျော်လွှားပြီး အတူလက်တွဲကြိုးပမ်းကာ နှစ်နိုင်ငံပြည်သူများအတွက် ပိုမို ကောင်းမွန်သော အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

ဝန်ကြီးချုပ် ဦးညိုစောကလည်း မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ပြန်လည်အမှတ်ရ ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ၏ ငလျင်ကယ်ဆယ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံမှ ကူညီ ပံ့ပိုးပေးမှုများအတွက် ကျေးဇူးတင်ရှိကြောင်း ၊ နှစ်နိုင်ငံအကြား နယ်ပယ်အသီးသီးတွင် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးချဲ့သွားရန် မျှော်လင့်ကြောင်းနှင့် တရုတ်နိုင်ငံ ကြီးပွားချမ်းသာပါစေကြောင်း၊ မြန်မာ-တရုတ် ချစ်ကြည်ရေး ထာဝစဉ် တည်တံ့ပါစေကြောင်း ဆုမွန်ကောင်းတောင်းခဲ့ပါသည်