၃၃ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဘိလိယက်အသင်းလိုက်ပြိုင်ပွဲတွင် မြန်မာအသင်း ရွှေတံဆိပ်ဆုဆွတ်ခူးရရှိ

Xinhua,    December 23, 2025
Size:

၃၃ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဘိလိယက်အသင်းလိုက်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုဆွတ်ခူးရရှိခဲ့သည့် မြန်မာဘိလိယက်အသင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) ၏ ဘိလိယက်အသင်းလိုက်ပြိုင်ပွဲတွင် မြန်မာအသင်းက ရွှေတံဆိပ်ဆု ရရှိခဲ့ကြောင်း ဒီဇင်ဘာ ၁၅ ရက်ထုတ် နိုင်ငံပိုင် The Global New Light of Myanmar က ဖော်ပြထားသည်။ဗိုလ်လုပွဲတွင် မြန်မာအသင်းနှင့် စင်ကာပူအသင်းတို့ တွေ့ဆုံခဲ့ပြီး နာမည်ကြီးကစားသမား ပီတာဂေးလ်ခရစ်ဦးဆောင်သော စင်ကာပူအသင်းကို မြန်မာအသင်းက ၃-၁ ပွဲဖြင့် အနိုင်ရရှိခဲ့ကြောင်း၊ တစ်ဦးချင်း ဘိလိယက်ပြိုင်ပွဲတွင် မြန်မာနိုင်ငံက ငွေတံဆိပ်ဆုတစ်ခု ရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ဒီဇင်ဘာ ၁၄ ရက်အထိ ရွှေတံဆိပ်ဆု ၃ ခု အပါအဝင် ဆုတံဆိပ်ပေါင်း ၃၀ ကျော် ရရှိထားကြောင်း သိရသည်။ ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ကျင်းပလျက်ရှိကြောင်း သိရသည်။