တရုတ်-မြန်မာ ပူးပေါင်းထုတ်လုပ်သော ပထမအသုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မြန်မာနိုင်ငံ၌ စတင်ထိုးနှံ

CRI,    May 06, 2022
Size:

မေလ ၄ ရက်နေ့မှစ၍ တရုတ်-မြန်မာပူးပေါင်းထုတ်လုပ်သော ပထမအသုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၁) သန်းကို မြန်မာပြည်သူများအတွက် စတင်ထိုးနှံခဲ့ကြောင်း၊ နေပြည်တော် ဇမ္ဗူသီရိဆေးရုံသည် ပထမအသုတ် ကာကွယ်ဆေးထိုးနှံစမ်းသပ်ရေးဆေးရုံဖြစ်လာကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းကိုကိုးကား၍ China Media Group မှ သတင်းအရ သိရပါသည်။

တရုတ်-မြန်မာပူးပေါင်းထုတ်လုပ်သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မတ်လ ၂၃ ရက်နေ့က တရားဝင်စတင်ထုတ်လုပ်ခဲ့ကြောင်း၊ ယင်းကာကွယ်ဆေးသည် တရုတ်ဘက်မှ ကာကွယ်ဆေးအကြမ်းကုန်ကိုပံ့ပိုးပြီး မြန်မာ့ဆေးဝါးထုတ်လုပ်ရေးစက်ရုံတွင် ဗူးသွင်းခြင်း ဖြစ်ကြောင်း၊ ပထမအသုတ် ကာကွယ်ဆေး (၁၀) သန်းကို ထုတ်လုပ်မည်ဟု ခန့်မှန်းကြောင်း၊ ယင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ် ဇူလိုင်လက စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာလက သက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးစာချုပ်ကို ချုပ်ဆိုခဲ့ကာ မြန်မာစက်မှုဝန်ကြီးဌာန၏ ခွင့်ပြုချက်ရရှိပြီဖြစ်ကြောင်း သတင်းရရှိပါသည်။