ကြံတန်ချိန်ပေါင်း (၅၄၄၀) ကျော်သည် တရုတ်-မြန်မာနယ်စပ် လေယွင်ဂိတ်မှ အောင်မြင်စွာဖြင့် ဂိတ်ဖြတ်နိုင်ခဲ့

Yunnan Gateway,    May 07, 2022
Size:

မေလ (၆) ရက်နေ့ တရုတ်-မြန်မာနယ်စပ်ရွှေလီလေယွင်ဂိတ်တွင် ပြည်ပကြံများသယ်ဆောင်လာသော ကုန်တင်ယာဉ်များသည် ပိုးသတ်ခြင်း (၂) ကြိမ်၊ ယာဉ်မောင်းလဲ၍မောင်းနှင်ခြင်း၊ သုံးပိုင်းခွဲ၍သယ်ပို့ခြင်း နည်းလမ်းဖြင့် တစ်စီးပြီးတစ်စီး စနစ်တကျ ရွှေလီအတွင်းသို့ ဝင်ရောက်နိုင်ခဲ့ပါသည်။

အကောက်ခွန်ရှင်းလင်းပြီး ဂိတ်စတင်ဖြတ်နိုင်သည့် ဧပြီလ (၁၃) ရက်နေ့မှစ၍ လေယွင်ဂိတ်တွင် စုစုပေါင်းကြံတန်ချိန် (၅၄၄၁.၁၁၅) တန် တင်သွင်းနိုင်ခဲ့ပြီး ကုန်ပစ္စည်းတန်ဖိုးပေါင်း ယွမ် (၂.၄၄၈၅၀၂) သန်း ရှိကြောင်း သိရှိရပါသည်။

(အရင်းအမြစ်၊ ရွှေလီအထွေထွေမီဒီယာစင်တာ၊ ဘာသာပြန်၊ Yunnan gateway)