တရုတ်-မြန်မာနယ်စပ်ရှိ ရွှေလီသည် မြန်မာနိုင်ငံသို့ ပထမဆုံး RCEP မူရင်းထုတ်လုပ်သည့်နိုင်ငံသက်သေခံလက်မှတ် ထုတ်ပေးခဲ့

Yunnan Gateway,    February 09, 2023
Size:

ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ဝမ်တိန်အကောက်ခွန်ဌာနမှ ဝန်ထမ်းအရာရှိတစ်ဦးက လက်မှတ်ရေးထိုးထားသော RCEP မူရင်းထုတ်လုပ်သည့် နိုင်ငံသက်သေခံလက်မှတ် (Certificate of Origin,CO) ကို လုပ်ငန်းအဖွဲ့၏ တာဝန်ခံ မစ္စတာရန်ထံ လွှဲပြောင်းပေးအပ်ခဲ့ရာ ရွှေလီသည် မြန်မာနိုင်ငံသို့ ပထမဆုံး RCEP CO ကို အောင်မြင်စွာ ထုတ်ပေးနိုင်ခဲ့ကြောင်း သိရပါသည်။

"ကျွန်ုပ်တို့ ပို့ကုန်ရဲ့ စုစုပေါင်းတန်ဖိုးမှာ တရုတ်ယွမ် ၅၆၈,၃၀၀ ရှိပါတယ်။ RCEP CO ထုတ်ပေးခြင်းက ကျွန်ုပ်တို့အတွက် အကောက်ခွန် တရုတ်ယွမ် ၂၈,၄၀၀ ခန့် လျှော့ချနိုင်မှာဖြစ်ပါတယ်" ဟု မစ္စတာရန်က စိတ်လှုပ်ရှားစွာ ပြောခဲ့ပါသည်။

RCEP သည် မြန်မာနိုင်ငံတွင် တရားဝင် စတင်ဆောင်ရွက်ကတည်းက ဝမ်တိန်အကောက်ခွန်ဌာနသည် လုပ်ငန်းဆောင်တာများကို တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း၊ ကြီးကြပ်ခြင်းဝန်ဆောင်မှုပုံစံကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ခြင်းဖြင့် အစမှတ်အဖြစ် ယူ၍ ပြည်ပစျေးကွက်များ တိုးချဲ့စေနိုင်သည့်အတွက် RCEP အကောက်ခွန်လျှော့ချခြင်း၏အမြတ်ဝေစုများကို အကျိုးရှိရှိ အသုံးပြုရန် လုပ်ငန်းအဖွဲ့များကို လမ်းညွှန်ပေးကြောင်း ဝမ်တိန်အကောက်ခွန်ဌာန အထွေထွေရုံးမှ တာဝန်ခံက ပြောကြားပါသည်။ (ဆောင်းပါးအရင်းအမြစ် - ရွှေလီမြို့ မီဒီယာစင်တာ ။ ဘာသာပြန် - Yunnan gateway)